Apps

Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ။

ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

Wireless Dead Zone ဆိုတာဘာလဲ?

Wireless Dead Zone ဆိုတာ Wi-Fi လိုင်းမိရမယ့်နေရာဖြစ်ပေမယ့် အဲဒီနေရာမှာ Wi-Fi ကိုအသုံးပြုလို့မရတဲ့ နေရာတွေ ဖြစ်ပါတယ်။ Dead Zone ဖြစ်နေတဲ့ အခန်းတစ်ခုထဲ၀င်သွားတဲ့ အခြေအနေမှာ Wi-Fi လိုင်းရုတ်တရက်ပြတ်တောက်သွားပါလိမ့်မယ်။ အဲလို နေရာမျိုးကို Dead Zone လို့ခေါ်ပါတယ်။

Wireless Dead Zone တွေဘာလို့ဖြစ်ရတာလဲ?

Wi-Fi Radio Waves တွေကို ဟန့်တားနှောင့်ယှက်တဲ့ အရာ၀တ္ထုတွေ ကြောင့် Wireless Dead Zone တွေဖြစ်ပေါ်လာရတာပါ။Wireless Router ကို အိမ်ရဲ့ထောင့်တစ်နေရာမှာထားရှိခြင်းဟာ ဆန့်ကျင်ဘက် ထောင့် မှာ Dead Zone ကိုဖြစ်ပေါ်စေပါတယ်။

တစ်ချို့အိမ်တွေမှာ သံဇကာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ထူထဲတဲ့ Plaster Wall တွေ နဲ့တည်ဆောက်ထားကြပါတယ်။ အဲဒီ ကြီးမားတဲ့သံဇကာတွေက Wi-Fi Signals ကို Block လုပ်ကြပါတယ်။သတ္တုနဲ့ ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets လို ပစ္စည်းတွေ ကလည်း Wi-Fi Signals ကို ဟန့်တားကြပါတယ်။

2

Cordless Phones တစ်ချို့ကလည်းအသုံးပြုနေတဲ့အချိန်မှာ Wi-Fi Signals ကိုဟန့်တားကြပါတယ်။ Microwave Oven,Baby Monitors,Wireless Security Systems,Wireless Sound Systems စတဲ့ Devices တွေကလည်း ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။

Wireless Networks များစွာရှိတဲ့ Apartment လို နေရာမျိုးတွေမှာလည်း Wi-Fi Signals ပျောက်တတ်ပါတယ်။ အခန်းတိုင်းမှာကိုယ်ပိုင် Wireless Router အသုံးပြုနေတဲ့အခြေအနေမျိုးမှာဖြစ်တတ်တာပါ။ အိမ်နီးနားချင်းတွေကသူတို့ရဲ့ Wireless Networks တွေကို သင့်ရဲ့ Wireless Channel နဲ့တူညီစွာ Configure လုပ်ထားရင်လည်း Wi-Fi Signals ပျောက်ဆုံးတတ်ပါတယ်။ သင့် Networks ရဲ့ Signal Strength ကိုကျဆင်းစေပြီး Dead Zones တွေကိုဖြစ်ပေါ်စေလို့ ဖြစ်ပါတယ်။

Wireless Dead Zone တွေကို ဘယ်လို သိနိုင်မလဲ?

Wireless Dead Zone တွေကို သိနိင်ဖို့အတွက်သင့် Smartphone ဒါမှမဟုတ် Wireless Device တစ်ခုကို သင့် Wi-Fi Network နဲ့ချိတ်ဆက်ပါ။ သင့်အိမ်၊ ရုံး၊ အဆောက်အဦး နေရာအနှံ့ကို ဖြည်းဖြည်းလျှောက်သွားကြည့်ပါ။ Smartphone က Wi-Fi Signal Indicator ကို ဂရုတစိုက်စောင့်ကြည့်ပါ။ Signal Strength က Zero ကိုကျသွားရင် သင် Dead Zone ကိုတွေ့ပါပြီ။ Signal Strength က တော်တော်ကျသွားတဲ့ နေရာတွေကလည်း Dead Zone တွေ ဖြစ်တတ်ပါတယ်။ Devices တစ်ခုနဲ့တစ်ခု Wi-Fi ဆွဲအားတွေကတော့ ကွဲပြားခြားနားကြပါတယ်။

တစ်ခုသတိထားရမှာက Wi-Fi Indicator က ချက်ချင်း Update မလုပ်ပေးနိင်ပါဘူး။ အဲဒီအတွက် သင့်ဖုန်းကို ကိုင်ပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်၊ နေရာတစ်ခုမှာရပ်လိုက်လုပ်ပေးမှသာ Dead Zone တွေကို ခြေရာခံသိရှိနိင်မှာပါ။

3

Wireless Dead Zone တွေကို သိနိုင်ဖို့ အတွက် Application တွေကိုလည်းသုံးနိင်ပါတယ်။ Android Phone မှာ Wifi Analyzer app ကိုသုံးနိုင်ပါတယ်။ Wifi Analyzer app က Wi-Fi Signal ရဲ့Strength ကို အသေးစိတ်ပြပေးနိင်ပါတယ်။ App ကိုဖွင့်ပြီး Signal Meter Screen ကိုဖွင့်ပါ။ သင့် Wi-Fi Network ကိုရွေးချယ်ပြီးနေရာအနှံ့ ဖြည်းဖြည်းချင်းသွားပါ။ နေရာအလိုက် Signal Strength တွေအတက်အကျ ဖြစ်တာကိုတွေ့မြင်နိုင်ပါတယ်။

4

Apple ကတော့ ဒီလို သတင်းအချက်အလက်တွေကို third-party apps တွေကိုရယူခွင့်မပြုပါဘူး။ အဲဒီအတွက် iOS,iPhone,iPod,iPod Touch အသုံးပြုသူတွေကတော့ App သုံးပြီး အဲဒီသတင်းအချက်အလက်တွေ မရရှိနိင်ပါ။ iOS Device တွေမှာပါရှိတဲ့ Wi-Fi Indicator ကိုပဲအသုံးပြုလို့ရမှာပါ။ Windows , Mac အသုံးပြုသူတွေကတော့ inSSIDer ဆိုတဲ့ Program ကိုသုံးနိုင်ပါတယ်။

Wireless Dead Zones တွေ မဖြစ်အောင်ဘယ်လို လုပ်မလဲ?

အခုဆိုရင် Wireless Dead Zone တွေရှိတဲ့နေရာတွေကိုသင်စမ်းသပ်သိနိင်ပါပြီ။ အဲဒီ Wireless Dead Zone တွေမဖြစ်အောင်ပြုလုပ် နိုင်တဲ့ နည်းတွေရှိပါတယ်။

• Router ကိုအိမ်ရဲ့ ထောင့်နေရာတွေမှာမထားသင့်ဘဲ အလယ်ကျတဲ့ နေရာတွေကို ပြောင်းရွှေ့ထားပါ။

• Wireless Router ရဲ့ Antenna ကို ဒေါင်လိုက်အပေါ်တည့်တည့်ထောင်ပြီးအသုံးပြုပါ။ ရေပြင်ညီ ထားပြီးအသုံးပြုရင် Wi-Fi Signal ကိုအားနည်းစေပါတယ်။

• သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets,Microwave Oven , Aquarium တွေနားမှာ Router ကိုမထားသင့်ပါ။

• Wifi Analyzer , inSSIDer လို Tools တွေသုံးပြီး သင့်ပတ်၀န်းကျင်မှာလူသုံးနည်းတဲ့ Wirless Channel တွေကိုရွေးချယ်သုံးပါ။ ပြီးရင်တစ်ခြား Wireless Networks တွေက ဟန့်တားနှောင့်ယှက်မှုနည်းအေင် Router ရဲ့ Settings ကိုပြောင်းလဲပါ။

• အပေါ်ကနည်းတွေက အလုပ်မဖြစ်ဖူးဆိုရင် Wireless Repeater သုံးပါ။ Wireless Repeater က Device တစ်ခုဖြစ်ပြီးမူလ Wi-Fi လိုင်းကိုရယူပြီး တစ်ဆင့် ပြန်လွှင့်ပေးနိုင်ပါတယ်။ ကျယ်၀န်းတဲ့အိမ်တွေ၊ရုံးတွေမှာဆိုရင် အဲဒီ Device ကိုအသုံးပြု ပြီး နေရာအနှံ့ Wi-Fi Signal ကိုကောင်းစွာသုံးနိုင်ပါတယ်။

• Wired Connection တပ်ဆင်အသုံးပြုပါ။ ဥပမာအားဖြင့် သင့်အိပ်ခန်းကလွဲလို့ သင့်အိမ်တစ်ခုလုံးမှာ Wi-Fi လိုင်းကောင်းစွာရရှိတယ်ဆိုပါစို့။ ဒီလို အခြေအနေမှာ Router ကနေ သင့်အိပ်ခန်းကို Ethernet Cable တပ်ဆင်အသုံးပြုနိုင်ပါတယ်။

7

Wireless Dead Zones တွေရှိခြင်းမရှိခြင်းဟာ Router နဲ့ သူ့ရဲ့တည်နေရာ၊ အိမ်းနီးနားချင်းတွေ၊ သင့်အိမ်က နံရံတွေကို ပြုလုပ်ထားတဲ့အရာတွေ၊ သင့်မှာရှိတဲ့ Eletronic Devices တွေနဲ့သူတို့ရဲ့နေရာချထားမှုတွေ ပေါ်မူတည်ပါတယ်။ ဒါ့အပြင်တစ်ခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါတယ်။ စာဖတ်သူရော Wireless Dead Zones လို ပြဿနာတွေကြုံတွေ့ဖူးလား? အပေါ်ကနည်းတွေ အပြင်နည်းတွေအပြင်တစ်ခြားကောင်းတဲ့ နည်းတွေရှိရင် Comments ရေးပေးခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *