News

ကမ္ဘာ့စီးပွားရေး ဖိုရမ် နေပြည်တော်တွင်ကျင်းပမည်

Naypyitaw-forum

(၂၂)ကြိမ်မြောက် အရှေ့တောင်အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံနေပြည်တော်တွင် ဇွန်လအတွင်း ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ယခုနှစ်ဇွန်လ(၅)ရက်နေ ့မှ(၇)ရက်နေ ့အထိကျင်းပမည့်ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံမှခေါင်းဆောင်များ အပြင်နိုင်ငံအသီးသီးမှ ခေါင်းဆောင်၁,၀၀၀ကျော်တက်ရောက်မည်ဖြစ်ပြီးယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲရေးများ အပြင်၂၀၁၄ခုနှစ်၊အာဆီယံဥက္ကဌရာထူးကိုလွှဲပြောင်းတာဝန်ယူသည့်အခါအဖွဲ့ဝင်နိုင်ငံများနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုပါ ဆွေးနွေးကြမည် ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီမှ မစ္စတာ Sushant Palakurthi Raoက ပြောကြားပါသည်။

အဆိုပါ ကမ္ဘာ့စီးပွားရေး ဖိုရမ်နှင့်အတူ ကမ္ဘာ့ လူငယ်ခေါင်းဆောင်များ နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး YGLကို ရန်ကုန်မြို့တွင် ဇွန်လ ၂ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ စာပေနှင့် ယဉ်ကျေးမှု၊ ပညာရပ် သင်ကြားရေးနှင့် မီဒီယာ လူမှုရေး လုပ်ငန်း ကိုယ်စားပြု လူငယ်ခေါင်းဆောင် ၂၀၀ကျော် တက်ရောက်မည် ဖြစ်ကြောင်း၊ ဤ YGL Summitတွင် အရပ်သား၊ လူမှုရေး အဖွဲ့အစည်းများ တိုးတက်ရေး၊ စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှု ရေရှည် ထိန်းသိမ်းရေးနှင့် လူငယ် မျိုးဆက်သစ်များနှင့် တွေ့ဆုံရေးအား ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *