Automobile

2013 Cadillac XTS

2013-Cadillac-XTS

2013 Cadillac XTS ဟာ ဝ့ံကြွားတဲ့ ဟန်ပန်အပြည့်နဲ့ Luxury Sedan ကားတစ်စီး ဖြစ်ပြီး စွမ်းအင်ပြည့်ဝမှုနဲ့ ညက်ညော ပြေပြစ်မှုကို အချိုးညီညီ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ ရှဲလ်တွေအပြင် လှပခန့်ညားပြီး ဘယ်ကားနဲ့မှ ပုံစံချင်း မတူတဲ့ ဒေါင်လိုက် နောက်မီးခွက်တွေက တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ Cadilacလို့ တိုးတိုး ရေရွတ်မိစေနိုင်လောက်အောင် ကားချစ်သူတွေရဲ့ ရင်ထဲကို နေရာ ဝင်ယူထားပြီးသား ဖြစ်ပါတယ်။ Trim အနေနဲ့ Base, Luxury, Premiumနဲ့ Platinumဆိုပြီး လေးမျိုး ခွဲခြားထားပါတယ်။ အော်တိုဂီယာ ခြောက်ချက်နဲ့ 3.6L V6 အင်ဂျင်က မြင်းကောင်ရေ ၃၀၄ကောင်အား ရှိပါတယ်။ Trim လေးမျိုးထဲမှာ Baseကလွဲပြီး ကျန်တဲ့ သုံးမျိုးက 4 – Wheel Drive ဖြစ်ပါတယ်။ သတ္တုရောင် ပြောင်လက်နေတဲ့ ၂၀လက်မ အလွိုင်းဝှီးတွေက Cadillac XTSကို ခန့်ညားတဲ့ ကားတစ်စီး ဖြစ်စေဖို့ ထောက်ပံ့ပေးနေသလို ဇီနွန်မီးလုံးတွေနဲ့ နေ့ခင်းဘက်မှာပါ မျက်နှာချင်းဆိုင် ကားက ကိုယ့်ကို သတိထားမိပြီး ယာဉ်မတော်တဆမှု နည်းပါးသွားအောင် လုပ်ဆောင်ပေးမယ့် Daylight Lampတွေကလည်း Cadillac XTSကို လိုအပ်ချက် မရှိတဲ့ ကားတစ်စင်း ဖြစ်အောင် ဖြည့်စွက်ပေးနေပါတယ်။ ဒါ့အပြင် Parking Sensorတွေ၊ နှင်းကျတဲ့ တိုင်းပြည်တွေမှာ အသုံးဝင်မယ့် အပူပေးလို့ရတဲ့ မှန်နဲ့ စတီယာရင်၊ ပုံစံဆယ်မျိုး ပြောင်းလို့ရတဲ့ ယာဉ်မောင်းနေရာက ထိုင်ခုံစတာတွေလည်း ပါဝင် ပါသေးတယ်။

Dual-Zone Automatic Climate Control, Stability Control, Traction Control စတဲ့ နည်းပညာတွေ အပြင် ဒီကားကို စီးနင်းမယ့် ခရီးသည်ရဲ့ လုံခြုံမှုအတွက် အသက်ကယ် လေအိတ် ၁၀လုံး ပါဝင်ပါတယ်။ ကားတော်တော်များများမှာ လေအိတ် ၈လုံးပဲ ပါလေ့ ရှိပေမယ့် ဒီကားမှာတော့ ရှေ့ခန်းက ခရီးသည်တွေကို ဒူးခေါင်း ထိခိုက်မှု မရှိအောင် လေအိတ် ၂လုံး အပိုထည့်ပေးထားတဲ့ အကြောင်းကတော့ ဒါဟာ Cadillac ဖြစ်လို့ပါပဲတဲ့။ ဒါ့အပြင် Navigation Systemနဲ့ Entertainmentအတွက် iPod Input, Satellite Radioစတာတွေ ပါဝင်ပြီး Bluetoothလည်း ပါဝင်ပါတယ်။ အသံစနစ်အတွက် ကတော့ Bose® Studio Surround® Sound System စပီကာ ၁၄လုံး ပတ်လည် တပ်ဆင်ထားပါတယ်။ ဆီစားနှုန်းကတော့ Trimအားလုံးမှာ မြို့တွင်း ဆီတစ်ဂါလံ ၁၇မိုင်နှုန်းနဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ဆိုရင်တော့ Baseမှာ တစ်ဂါလံ ၂၈မိုင်နှုန်းနဲ့ ကျန်တဲ့ Trimတွေမှာ ၂၆မိုင်နှုန်းပဲ ဖြစ်ပါတယ်။ ခြုံငုံပြီး သုံးသပ်ရရင်တော့ 2013 Cadillac XTSဟာ ခန့်ညား ဝံ့ကြွားတဲ့ သွင်ပြင်၊ သက်သောင့်သက်သာ ရှိပြီး ကျယ်ဝန်းတဲ့ အတွင်းခန်းတို့အပြင် 2013 မော်ဒယ်လ် ကားတွေမှာ ရှိသင့်တဲ့ အချက်အလက်တွေ အားလုံးနဲ့ ပြည့်စုံတဲ့ အကောင်းဆုံး ဇိမ်ခံ ကား တစ်စီးပဲ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *