How-to

Gtalk မှာ မြန်မာစာ မမြင်ရဘဲ အတုံးလေးသာ ပေါ်နေသော Error ဖြေရှင်းနည်း

Gtalk-Error

အင်တာနက် အသုံးပြုသူတွေဟာ Gtalkမှာ မြန်မာစာကို ရိုက်ဖို့အတွက် Zawgyi Fontကို သွင်းထားရပါတယ်။ သို့ပေမယ့်လည်း တချို့သော ကွန်ပျူတာတွေမှာ Gtalk အသုံးပြု သူတွေဟာ Zawgyi Font သွင်းထားပြီး မြန်မာစာ ရိုက်လို့ရပေမယ့်လည်း မိမိရဲ့Gtalkမှာတော့ မြန်မာ Fontတွေကို မမြင်ရဘဲ အတုံးလေးတွေသာ ပေါ်နေတတ်ပါတယ်။ မြန်မာလို မြင်ရဖို့အတွက် ဖြေရှင်းတဲ့ နည်းလမ်းကတော့ Windowsမှာ Build in ပါလာတဲ့ Internet Explorerမှာ အနည်းငယ် ၀င်ပြင်ပေးရမှာပါ။ ပထမဆုံး Internet Explorerကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Menu Barထဲသို့ ၀င်လိုက်ပါ။ Internet Optionsကို ရှာပြီး Click နှိပ်ပါ။ General Tabကို တွေ့ရပါလိမ့်မယ်။ General Tabထဲမှာ Appearanceအောက်က Fontsထဲကို ၀င်ပါ။ အဲဒီထဲမှာ Webpage Fontကို Time New Romanလို့ ရွေးပြီးသား ဖြစ်နေပါလိမ့်မယ်။ Time New Romanရဲ့နေရာမှာ Zawgyi-Oneကို ပြောင်းပေးပြီး OKကို နှိပ်ပါ။ ကဲ ဒီလောက် ဆိုရင်တော့ Gtalkမှာ မြန်မာလို မြင်နေရပါပြီ။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “Gtalk မှာ မြန်မာစာ မမြင်ရဘဲ အတုံးလေးသာ ပေါ်နေသော Error ဖြေရှင်းနည်း

  1. may thu kyaw says:

    သြော် အဲ့လိုလုပ်ရတယ်လား အခုလို သိသင့်တာတွေတင်ပေးလို့ ကျေးဇူး
    တို့က GTALK သမားလေဟဲ ဟဲ

Leave a Reply

Your email address will not be published. Required fields are marked *