Opinion

အသိတရား ကိုယ်စီဖြင့် ယာဉ်ကြော ပိတ်ဆို့ခြင်းကို ကူညီ ဖြေရှင်းကြပါစို့

ရန်ကုန်မြို့တွင် လမ်းမကြီးများနှင့် လမ်း သွယ်များပါ မကျန် ယာဉ်ကြောပိတ်ဆို့မှုများ အလွန်ဆိုးရွားလာကြောင်း၊ နေ့စဉ်နှင့်အမျှ လမ်းအသုံးပြုသူများ ခံစားနေရသည်။ ရောက်လိုသွားလိုသော လမ်းခရီး၊ အနီး အဝေးအပေါ် မူတည်၍ ခန့်မှန်းထားသော အချိန်ထက် တစ်နာရီ၊ တစ်နာရီခွဲ ကြိုတင်၍ ထွက်ကြရသည်။ ယာဉ်ကြော ပိတ်ဆို့မှု ကြောင့် မော်တော်ယာဉ်ပေါ်၌ ပေးရသော အချိန်သည် ဘယ်တော့မှ ပြန်မရနိုင်သော ဆုံးရှုံးမှု တစ်ခုဖြစ်သည်။ မြို့တွင်းခရီးသွား လမ်းအသုံးပြုသူများမှာ အလွန်တန်ဖိုးကြီး မားလှသော အချိန်ကို ယာဉ်ကြောများ ပိတ်ဆို့သဖြင့် ခရီးသွားများ၊ လမ်းအသုံးပြု သူများ၊ နေ့စဉ်နှင့်အမျှ ပေးဆပ်လျက် ရှိပါ သည်။

ယာဉ်ကြောပိတ်ဆို့ရခြင်း အကြောင်း အရာများစွာထဲတွင် မြို့ပြလူဦးရေ ထူထပ် သိပ်သည်းလာခြင်း၊ ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်၊ အစီးယာဉ် တိုးပွားများပြား လာခြင်း အပါအဝင် အကြောင်းတရားများကို ဆိုရေးရှိက ဆိုလိုက်ပါရစေ။

လမ်းများ ပြုပြင်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ ခြင်း၊ လမ်းများ ပျက်စီးနေခြင်း ကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သူများ၊ ယာဉ်လုပ်သား များ၊ လမ်းစည်းကမ်းနှင့်အညီ ယာဉ်ရပ်တန့်မှု မရှိခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့ ကြောင့် လမ်းစည်းကမ်း ဥပဒေအား သိပါလျက် စက်ပျက်ယာဉ် (လိမ်လည်၍) စက်ဖုံး ဖွင့်ကာ ပြုပြင်သကဲ့သို့ ခရီးသည် စောင့်ဆိုင်း ရပ်တန့်ထားသော Taxi ယာဉ်မောင်းနှင့် အခြားယာဉ်မောင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ မှတ်တိုင်တွင် လိုင်းကားများ စနစ်တကျ မရပ်သောကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း၊

ရန်ကုန်မြို့တွင် တစ်လမ်း မောင်း ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန် သည်လမ်းများတွင် တစ်လမ်းမောင်း လမ်းမ ကြီးများတွင် လမ်းညွှန်ညာဘက်တွင် ခရီးသည်တင်ယာဉ်မဟုတ်သော ယာဉ်များ၊ ရပ် တန့်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ အဆောက်အဦသစ်များ ဆောက်လုပ်ရာ၌ ဆောက်လုပ်ရေး လုပ်ငန်းသုံး မော်တော် ယာဉ်ကြီးများ လမ်းများပေါ်တွင် ရပ်တန့် ထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်း၏ ဝဲယာတွင် နေထိုင်သော လူနေအိမ် နှင့် အရောင်းဆိုင်ကြီးများ ရုံးဌာနများ ရှေ့တွင် မိမိယာဉ်နှင့် မိမိနှင့် သက်ဆိုင်သော မော်တော်ယာဉ်များ ရပ်နိုင်ရန် ယာဉ်ပါကင် နေရာသတ်မှတ်၍ အခြားယာဉ်များ ရပ်တန့် မှုမပြုနိုင်ရန် ဆောင်ရွက်ထားခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း၊ လမ်းဘေးဈေး သည်များ၊ ကားလမ်းမပေါ်တွင် ဈေးခင်း ကျင်းရောင်းချခြင်းကြောင့် ယာဉ်ကြောပိတ် ဆို့ခြင်း၊ ပလက်ဖောင်းပေါ်ရှိ ဈေးသည်များ ကြောင့် ခြေလျင်လျှောက် လမ်းအသုံးပြုသူ များမှာ ယာဉ်သွားလမ်းများပေါ်တွင် အသုံး ပြုသွားလာခြင်းကြောင့် ယာဉ်ကြောပိ်တ်ဆို့ ခြင်း၊ အနှေးယာဉ်များ၊ စည်းကမ်းမဲ့ စီးနင်း သွားလာခြင်း၊ လက်တွန်း လှည်းများ၊ ရေလှည်းများ၊ ထီလှည်းများ၊ အစား အသောက် ရောင်းချသော ဈေးသည် လှည်း များနှင့် ကုန်ပစ္စည်းပို့သူများမှာ ယာဉ်သွား လမ်းများပေါ်တွင် အသုံးပြု သွားလာခြင်း ကြောင့် ယာဉ်ကြောပိတ်ဆို့ရခြင်း၊ ထို့အတူ မီးပွိုင့်များ၊ မီးပျက်နေသော (မီးမလာသော) အချိန်တွင် တချို့တာဝန်ကျ ယာဉ်ထိန်းရဲ များ လမ်းရှင်းပေးမှု၊ ယာဉ်ကြော ရှင်းလင်းမှု မရှိခြင်းကြောင့် ရန်ကုန်မြို့တွင် မော်တော် ယာဉ်များ၊ ပိတ်ဆို့လျက် ရှိပါသည်။ ယာဉ် ကြော ပိတ်ဆို့ရခြင်း လမ်းများတွင် အကြောင်းတရားသည် တစ်ဦးကောင်း တစ် ယောက်ကောင်းဖြင့် ဆုံးဖြတ်နိုင်မည်၊ အဖြေ ရှာနိုင်မည် မဟုတ်နိုင်သလို၊ အဖွဲ့စည်းတစ်ခု ဖြင့်လည်း အဖြေမရနိုင်ပါ။

လမ်းအသုံးပြုနေ သော ပြည်သူများနှင့် တာဝန်သိ၍ တာဝန်ရှိ သူများ တစ်ဦးခြင်း၊ ပြုပြင်၍ စုပေါင်းဆောင် ရွက်မှသာ ရာသီကာလများတွင် အထူးပိုမို၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ပါ သည်။ ရေနုတ်မြောင်းများ၊ အမှိုက်များဖြင့် ပိတ်ဆို့၍ ရေစီးရေလာ မကောင်းသော ကြောင့် လမ်းမများပေါ်တွင် ရေကြီး၍ ယာဉ် သွားလာရခက်ခဲပြီး လမ်းပိတ်ဆို့မှုများ ဖြစ် နိုင်သကဲ့သို့ စာသင်ကျောင်းများ၊ ပတ်ဝန်း ကျင်အနီး၌ လမ်းများတွင် ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောများ ရှုပ်ထွေးပိတ်ဆို့နေခြင်းများ ဖြစ်ပေါ်နေ သည်မှာ ဧကံမလွဲပါ။

ယာဉ်ကြောပိတ်ဆို့မှုများ မည်ကဲ့သို့ ကိုင် တွယ်ဖြေရှင်းမလဲ၊ နည်းပညာ အကူအညီ အသိတရား ကို်ယ်စီဖြင့် ဖြေရှင်းမလဲ၊ နည်း ပညာအကူအညီ အသိတရား ကိုယ်စီဖြင့် ဖြေရှင်းမှသာ အဆင်ပြေစေမည် ဖြစ်သည်။ မော်တော်ယာဉ် မောင်းနှင်နေသော ယာဉ် လုပ်သားများသည် အမှန်တကယ် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိရန် လိုအပ်သကဲ့သို့ လိုက်နာဖို့လည်း အထူး လိုအပ်လွန်းလှသည်။ ရန်ကုန်မြို့တွင်းလည်း ဘယ်ကိုသွားသွား”ယာဉ်ကြောတွေ ပိတ်ဆို့ နေတယ်”စသည်ဖြင့် ပြောနေကြသော စကားသည် ခေတ်မီဖံွ့ဖြိုးတိုးတက်သော နိုင်ငံများ၏ လက်သုံးစကား တစ်ရပ်သည် မြန်မာနိုင်ငံတွင်လည်း ပြောဆိုနေကြပြီ ဖြစ် သည်။

မော်တော်ယာဉ်များ ယာဉ်ကြော ပိတ်ဆို့ ခြင်း၊ မရှိစေရန် အမှန်တကယ် လိုအပ်သော နည်းလမ်းများ နိုင်ငံတကာတွင် အသုံးပြုနေ သော နည်းပညာများကဲ့သို့ ကျင့်သုံးရန် လို အပ်ပါသည်။ ယာဉ်ကြောပိတ်ဆို့ခြင်း မရှိ စေရန် လမ်းအသုံးပြုသူ အားလုံးတွင် တာဝန်ရှိပါသည်။ မော်တော်ယာဉ် ဥပဒေ ဖြင့် ယာဉ်ကြောပိတ်ဆို့မှု လမ်းပိတ်ဆု့ိ မှုများ အဖြေရှာ၍ ဖြေရှင်း၍ ရနိုင်မည် မဟုတ်ပါ။

ယာဉ်ကြောပိတ်ဆို့ခြင်းမှာ ဖော်ပြ ပါအကြောင်းတရားများနှင့် အတူ ယာဉ် မောင်းများ၊ ဈေးသည်များ တာဝန်ရှိသော အဖွဲ့အစည်းများ၊ လမ်း၏အနေအထားတို့ကြောင့်ယာဉ်ကြောပိတ်ဆို့ရခြင်း ဖြစ်ကြောင်း၊ အသိတရားများနှင့် တာဝန်ရှိသူ များ သတိထား ကိုင်တွယ်ဖြေရှင်းသင့်ပါ ကြောင်း၊ စေတနာ အရင်းခံ၍ မေတ္တာတရား တို့ဖြင့် ပေါင်းစပ်ကာ ယာဉ်ကြော ပိတ် ဆို့ခြင်း၊ လမ်းပိတ်ဆို့ခြင်းများကို ဖြေရှင်းကြ ပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *