News

CNA နှင့် BBC လိုင်းများက ခရီးသွားများပြားရာ ဒေသများကို ရိုက်ကူး ထုတ်လွှင့်သွားမည်

CNA-and-BBC

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖံွ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ ခရီးသွားများပြားရာ ဒေသများသို့ ခရီးသွားလုပ်ငန်း ပရိုမိုးရှင်း ပုံစံရိုက်ကူးပြီး စီအန်အေနှင့် ဘီဘီစီလိုင်း များ တွင် World Economic Forum နေ့ရက် မတိုင်မီ သို့မဟုတ် အဆိုပါ ပွဲရက်များအတွင်း မှ စတင်ကာ ထုတ်လွှင့်ပြသသွားမည် ဖြစ် ကြောင်း သိရသည်။

“ကြော်ငြာပုံစံမျိုး ရိုက် ကူးထားတယ်လို့ သိရပါတယ်” စီအန်အေနဲ့ ဘီဘီစီ အသံလွှင့် ဌာနတွေကနေ National Branding Campaign အနေနဲ့ World Economic Forum ပြုလုပ်မယ့် ရက်တွေမှာ ထုတ်လွှင့်ဖြစ်မလား၊ အဲဒီရက် မတိုင်ခင် လွှင့်ဖြစ်မလား၊ မသေချာသေးဘူး ဖြစ်နေ တယ်။ အဲဒီရက်မတိုင်ခင်မှာ ဒီပွဲကို တက် မယ့် နိုင်ငံတကာက ဧည့်သည်တွေက ၃ရက်နေ့လောက်ကတည်းက ရောက်ဖြစ် မယ်ဆိုတော့ အဲဒီနေ့ မတိုင်ခင် ထုတ်လွှင့် ဖြစ်မယ် ထင်ပါတယ်”ဟု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးမြင့်ထွန်း ဦးက ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ လိုင်းများတွင် ထုတ်လွှင့်ရန် အတွက် မြန်မာနိုင်ငံအတွင်းရှိ ခရီးသွားများ ပြားရာ ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးနှင့် ကမ္ဘာလှည့် ခရီးသွား များပြားသော ငပလီ ကမ်းခြေသို့ အိုင်ယာ လန်နိုင်ငံ အခြေစိုက် Image Diplomacy အဖွဲ့ဖြင့် သွားရောက် ရိုက်ကူးခဲ့ပြီး တည်း ဖြတ်ရန်သာ ရှိတော့ကြောင်း သိရသည်။

World Economic Forumကို မြန်မာ နိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ခုနှစ်၊ ဇွန် ၅ရက်နေ့မှ ၇ရက်နေ့အထိ နေပြည်တော် တွင် လက်ခံ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲသို့ တက်ရောက်ရန် နို်င်ငံခြား ဧည့်သည်များ ကြိုတင်ရောက်ရှိ နေမည်ဖြစ်ကာ ဧည့်သည် ၁၂၀၀တက် ရောက်မည်ဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံသို့ ခရီးသွားရန် အတွက် နိုင်ငံတကာ ခရီးသွားများမှ ပိုမို စိတ်ဝင်စားမှု များပြားလာပြီး ၂၀၁၂ခုနှစ်တွင် ခရီးသွား ဝင်ရောက်မှု တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅တွင် ခရီးသွားသုံးသန်း ရှိရန် မျှော်မှန်း ထားကြောင်းနှင့် ယခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွား ကုမ္ပဏီများမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ခရီးသွားလာရေး အဆင်ပြေ စေရန် လာရောက် ဆွေးနွေးမှုများလည်း များပြားလာကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *