ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ် များအတွက် Wireless Network Essentials Course(WNE) အမှတ်စဉ် (၆) သင်တန်းကို ၂၀၁၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများအထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ သင်ကြားပေးမည်ဖြစ်သည်။
ပါဝင်မည့် အကြောင်းအရာများ…
v About Wireless Local Area Network and WLAN Configuration
v Ad-host,WLAN (Point to Point, Point to Multipoint, Repeater)
v Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )
v WiFi HotSpot Creating for Software and Hardware
v WiFi Controller Device and Access Point CPE
v Wireless IP Camera Configuration with Cloud
v Zentyal Server, Pfsense Hotspot and Radius WiFi
v Local VPN Network Configuration
v Basic Mobile WiFi Network
v VOIP Gateway and IP Soft Phones …အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။
သင်တန်းကာလ – ၂၀၁၄ ခုနှစ်၊ မတ်လ (၁) ရက် မှ မတ်လ (၃၀) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နေ့လည် ၁၂:၃၀ နာရီ မှ ၄:ဝ၀ နာရီအထိ
သင်တန်းကြေး – ၉၀,ဝ၀ဝိ/ (ကိုးသောင်းကျပ်)
MCPA Member (50%) – ၄၅,ဝ၀ဝ (လေးသောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။
(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)