News

ဝါရင့် သတင်းစာ ဆရာကြီး ဂါးဒီးယန်း ဦးစိန်၀င်း ကွယ်လွန်

မြန်မာ့ သတင်းစာလောက ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဦးဆောင်ခဲ့သည့် သတင်းစာ ဆရာကြီး ဂါးဒီးယန်း ဦးစိန်၀င်းသည် ကျောက်ကပ်ရောဂါဖြင့် ရန်ကုန်မြို့မဟာမြိုင်ဆေးရုံ၌ အောက်တိုဘာ ၁၇ရက် မွန်းလွဲ ၂နာရီ ၁၂မိနစ် တွင်ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဂါးဒီယန်းဦးစိန်၀င်း၏ သမီး ဒေါ်အေးအေး၀င်းက “နေမကောင်းလို့ သောကြာနေ့ ကတည်းက ဆေးရုံတင်လိုက် တာပါ။ ခုဆုံးတာ ကတော့ကျောက်ကပ် ရောဂါနဲ့ ဆုံးတာ ပါ”ဟုပြောသည် ၊ ဝါရင့် သတင်းစာ ဆရာကြီး ဖိုးသောကြာက “သတင်းစာလောက ကို အသက်ထက်မြတ် နိုးသူ၊ သတင်းစာ ခေတ်ဦး ၁၉၆၀ လောက်ကတည်းက သတင်းစာလောက ကိုဦးဆောင် ဦးရွက်ပြု လူငယ်လူရွယ်တွေ ကိုဆွဲတင်ခဲ့ပြီး သတင်းစာ လွတ်လပ်ခွင့် အတွက်တိုက်ပွဲ ၀င်ခဲ့သူ ၊ အစိုးရ မပါသော မြန်မာနိုင်ငံ သတင်းစာကောင်စီ ပေါ်ပေါက်လာအောင် ဦးဆောင်ခဲ့ပြီး သတင်းသမား တွေဖမ်းဆီးခံရ၊ နှိပ်ကွပ်ခံရ၊ သတင်းစာ တိုက်တွေအရေးယူ ခံရတာတွေ ကိုဖဆပလ ခေတ်ကော၊ တော်လှန်ရေးကောင်စီ ခေတ်တွေမှာ ရဲရဲတောက် ကိုယ်ကျိုးမဖက် တိုက်ပွဲ၀င် ခဲ့တဲ့ သတင်းစာ ဆရာတစ်ဦးပါ “ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

ဂါးဒီယန်း ဦးစိန်၀င်း၏ သတင်းစာလောက အတွက်ကြိုးစား လုပ်ဆောင်မှုများကြောင့် သတင်းလွတ်လပ်ခွင့် အတွက်ပေးသည့် ရွှေကလောင်ဆု ကိုမြန်မာနိုင်ငံ တွင်ပထမဆုံး ရရှိခဲ့ သူဖြစ်ကြောင်း သိရသည်။

ဂါးဒီယန်း ဦးစိန်၀င်းကို အဖ ဦးဘိုးပျော့၊အမိဒေါ်ပိုးယဉ် တို့မှ ၁၉၂၂ ခုနှစ်၊ဖေဖေါ်၀ါရီ ၁၂ ရက် ဧရာ၀တီတိုင်း၊ကျောင်းကုန်း မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၅၈ ခုနှစ်၊မတ်လ မှ ၁၉၆၃ခုနှစ် မေလအထိ ဂါးဒီးယန်း သတင်းစာ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ သားသမီးလေးဦးရှိ ပြီးကွယ်လွန်ချိန် တွင်အသက် ၉၂ နှစ်ရှိပြီ ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *