News

ပြည်လမ်းမဘက် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးနိုင်

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြည်လမ်းအပေါ်က အင်းလျားကန်ဘောင်မှာ အပန်းဖြေ လာရောက်သူတွေ အနေနဲ့ အနားယူရင်းနဲ့ အင်တာနက်သုံးလို့ရအောင်လို့ တပ်ဆင်ပေးထားတာပါ။ ၂၄နာရီ အသုံးပြုလို့ ရမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းအပြင် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးစွဲခွင့်အပြင် ကန်ပေါင်လုံခြုံရေးအတွက် CCTV ကင်မရာ နှစ်လုံးပါ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

“CCTV ကင်မရာ နှစ်လုံးကိုလည်း ကန်ပေါင်လုံခြုံရေးအတွက် တပ်ဆင်ထားပါတယ်။ ပြည်လမ်းဘက်ကို မျက်နှာမူပြီး ထားတာကတစ်ခု၊ ကန်ဘောင်ဘက်ကို မျက်နှာမူပြီး ထားတာက တစ်ခုပါ။ အဓိက ကတော့ အင်းလျားကန်ပေါင်နဲ့ ပြည်လမ်းအပေါ်မှာ မှုခင်းတွေ မဖြစ်အောင်လို့ပါ”ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။ အင်းလျားကန်ဘောင်တွင် လာရောက်အပန်းဖြေသူ မဆွေဇင်က “ကန်ဘောင်မှာ အခုလို အခမဲ့ ဝိုင်ဖိုင် သုံးလို့ရပြီးဆိုတော့ အလွန်အဆင်ပြေပါတယ်။ အရင်ကဆိုရင်တော့ လေညှင်းခံရုံလောက်ပဲ လာကြတာ။ အခု အင်တာနက်လိုင်း သုံးရတာမဆိုးလို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်း လာသုံးဖြစ်ပါတယ်”ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

21 thoughts on “ပြည်လမ်းမဘက် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးနိုင်

  1. Uo Uo says:

    ဒါမှဒို့မြန်မာ

  2. Su Myat says:

    really ???? Gooddddddddd

  3. Yan Naing says:

    WIFIအိမ်မှာဝယ်ပြီးသွားပြီ fir

  4. Sai Than Onh says:

    တနေကုန် စာကျက်မယ်လေ လာကြ သယ်ချင်းတို့

  5. Mg Myo Aung says:

    ဟေ ဟုတ်လား 😀

  6. Soe Pyae says:

    အဝိုင်းလည်တာကို ကန်ဘောင်မှာ သွားကြည့်ကြမယ်ဟေ့

  7. Pinklady San says:

    တယ်ဟုတ်ပါလား

  8. Uyi Mon says:

    ချစ်ချစ်လေးနဲ့အတူထိုင် ဟေဟေး

  9. Kyaw Kyaw says:

    စိတ်မကောင်းစရာပါလားကွယ်။ဒို့တွေနေတဲ့မြို့မှာဆိုရင်ဘယ်နေရာမှာရောက်နေလဲဖုံးထုတ်ကြည့်လိုက်ကွက်တိwififreeလိုင်းရှိနေရမယ်။freeလိုင်းဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့ Connection ကလဲလန်ထွက်နေရမယ်။မြန်မာပြည်မှာခုလိုမျိုးကြားရတော့ကိုယ့်မြန်မာပြည်ကမိတ်ဆွေတွေအတွက်ကိုစိတ်တောင်မှမကောင်းမိပါဘူး။အနော်စော်ကားပြောတာမဟုတ်ပါဘူးအနော်ကိုမြန်မာပြည်ကလို့ပြောရင်သတ်ပစ်မယ်ဆိုလဲအနော်ကမြန်မာပြည်မှာမွေးပြီးကြီးပြင်းလာခဲ့တာမို့မြန်မာပြည်သားဘဲပြောမှာဘဲ။အနော်ကခု Chinese မှာလေအဲ့ဒီ့မှာ wifi ကတော့ရှယ်ပေါ့ဗျာ။

  10. အဝိုင်းလည်တာကြည့်ရင်းလေညှင်းခံကြတာပေါ့…….

  11. တယ်ကောင်းပါလား

  12. Naing MinSoe says:

    မိုက်တာပေါ့

  13. so miss. a lot of chang

  14. Thanzin Cho says:

    -_- wifi ရ၊ မရတော့မသိဝူး ခုံကတော့အမြဲလူရှိတယ် :/

  15. Waiyan Aung says:

    loading လေးတွေသွားကြည့် တာပေါ့ 

Leave a Reply

Your email address will not be published. Required fields are marked *