မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အိမ်မှာ ဘီယာစုသောက်နေချိန်မှာ ဘီယာပြတ်သွားရင်တော့ အပြင်ထွက်ပြီး ဘီယာသွား၀ယ်ရတာ စိတ်ပျက်စရာပါ။ ဝါရှင်တန် ဒီစီက ယမကာလုလင်တွေအတွက်တော့ ဒီလို ဒုက္ခမျိုး ရှေ့လျှောက် မခံစားကြရတော့ပါဘူး။
Anheuser-Busch InBevရဲ့ Bud Light Buttonဆိုတဲ့ Mobile Appက ဘီယာများမှာယူနိုင်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဘီယာဖာ တစ်ရာအထိ အများဆုံး မှာယူနိုင်ပြီး တစ်နာရီအတွင်းမှာ ပို့ဆောင်ပေးမယ်လို့ ကတိပေးထားပါတယ်။
Anheuser-Busch InBevဟာ ဒီလို သယ်ယူပို့ဆောင်ပေးနိုင်တဲ့ ပထမဆုံး Appတော့မဟုတ်ပါဘူး။ MillerCoorsက ဘော့စတွန်၊ နယူးယောက်၊ ဆီရေတယ်နဲ့ ဒီစီမှာ Miller Liteကုန်ပစ္စည်းများ မှာယူနိုင်ဖို့အတွက် Drizly နဲ့ ပူးပေါင်း ထားပါတယ်။ Minibarကလည်း ဒေသတွင်း အရက်အရောင်းဆိုင်များနဲ့ ပူးပေါင်းပြီး ဘီယာ၊ ဝိုင်နဲ့ အရက်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါတယ်။
Bud Light Appကို အသက်မပြည့်သေးတဲ့ လူတွေ အသုံးပြုလို့မရပါဘူး။ Appကို အသုံးပြုရင် ခရက်ဒစ်ကဒ်နဲ့ ချိတ်ဆက်ရမှာ ဖြစ်ပြီး ကဒ်မှ သတင်းအချက်အလက်တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ အသက်ပြည့်မှသာ ဘီယာ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Checkများနဲ့လည်း ငွေပေးချေနိုင်ပါသေးတယ်။
Bud Light Appကို Android အတွက်သာ လက်ရှိမှာ ပြုလုပ်ပေးထားပြီး iOS Versionကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘီယာသာမက ပီဇာများကိုလည်း မှာယူနိုင်တဲ့ ၀န်ဆောင်မှုများလည်း ရှိနေပြီ ဖြစ်တဲ့အတွက် နေအိမ်ကနေတောင် ထွက်ခွာစရာ မလိုတော့ပါဘူး။
Bud Light Button Appရဲ့ အလုပ်လုပ်ပုံကိုအောက်မှာ လေ့လာနိုင်ပါတယ်။
https://www.youtube.com/watch?v=VB2We7JckeI