WhatsApp ဟာ မိုဘိုင်း Device တွေအတွက် Messaging Client တစ်ခုဖြစ်ပြီး Group Chats ပြုလုပ်နိုင်တဲ့အပြင် Video, Audio, Photos တွေကို ပေးပို့ရယူနိုင်ပါတယ်။ WhatsApp ကနေ မီဒီယာတွေ Share လုပ်ရတာ အလွန်လွယ်ကူပါတယ်။ Attachment Icon ကို နှိပ်ပြီး ပေးပို့ရတာ ဖြစ်ပါတယ်။
မိုဘိုင်းဒေတာကို အသုံးပြုရင် ဓာတ်ပုံတွေကိုပဲ ဒေါင်းလုပ် အလိုလိုလုပ်တာဖြစ်ပြီး အခြား မီဒီယာတွေကိုတော့ WiFi အသုံးပြုမှသာ အလိုလို ဒေါင်းလုပ် လုပ်တာဖြစ်ပါတယ်။ Voice Message တွေကိုတော့ ဘယ်လို ကွန်နက်ရှင်ကို အသုံးပြုသည်ဖြစ်စေ ဒေါင်းလုပ် အလိုလို လုပ်တယ်လို့ သိရပါတယ်။
ဘယ်လို မီဒီယာတွေကို ဘယ်လို ကွန်နက်ရှင်မှာ ဒေါင်းလုပ်လုပ်ရမလဲ ဆိုတာကို Settings ထဲမှာ ပြုပြင်နိုင်ပါတယ်။ Internal Storage နည်းပါးတဲ့ သူတွေအတွက် မီဒီယာတွေကို အလိုလို ဒေါင်းလုပ်လုပ်တာကို တားဆီးနိုင်ပါတယ်။
WhatsApp ကိုဖွင့်ပြီး ညာဘက် အပေါ်ထောင့်က Menu Icon ကိုနှိပ်ပါ။ Settings ကိုနှိပ်ပါ။ Chat Settings ထဲ၀င်ပြီး Media Auto-Download ထဲသွားပါ။ အဲဒီမှာ “when using mobile data” , “ when connected on WiFi” ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်နက်ရှင် နှစ်ခုလုံးမှာ မီဒီယာတွေကို ဒေါင်းလုပ်လုပ်တာကို ပိတ်ထားလို့ရပါတယ်။
မီဒီယာတွေကို အလိုလို ဒေါင်းလုပ်လုပ်တာကို ပိတ်ထားရင် Chat Window က မီဒီယာတွေမှာ Download Button ကို မြင်တွေ့ရမှာ ဖြစ်ပြီး အဲဒီခလုတ်ကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ရမှာဖြစ်ပါတယ်။
ဓာတ်ပုံတွေကို Preview ပြပေးနိုင်တဲ့အတွက် ဒေါင်းသင့်တဲ့ပုံလား၊ မဒေါင်းသင့်တဲ့ပုံလား ဆိုတာ ခွဲခြားသိနိုင်ပါတယ်။