News

WhatsApp ကို အမှီလိုက်လာတဲ့ WeChat

လစဉ် အသုံးပြုသူ သန်း (၄၅၀) ရှိပြီး နေ့စဉ် Sign up ပြုလုပ်သူ တစ်သန်း ရှိတဲ့ WhatsApp ဟာ ကမ္ဘာ့အကျော်ကြားဆုံး Messaging App ဖြစ်ပါတယ်။ ဒါပေမယ့် WeChat က WhatsApp ကို အမှီလိုက်လာနိုင်တဲ့ ကိန်းဂဏန်း တွေကို တွေ့ရှိရပါတယ်။ WeChat ရဲ့ ပိုင်ရှင် Company ဖြစ်တဲ့ Tencent က WeChat နဲ့ Weixin (တရုတ်ဗားရှင်း) နှစ်ခုပေါင်းကို လစဉ် အသုံးပြုသူ အရေအတွက် ဟာ ၂၀၁၃ ခုနှစ်အကုန် မှာ (၃၅၅) သန်း ရှိပြီလို့ ကြေညာပါတယ်။ နှစ်စဉ် တိုးတက်လာမှု ရာခိုင်နှုန်းမှာ (၁၂၁) ဖြစ်ပါတယ်။ Quarter အလိုက်တိုးတက်မှုနှုန်းမှာ ခြောက်ရာခိုင်နှုန်း ဖြစ်ပါတယ်။

တရုတ်မှာတော့ WeChat က WhatsApp ကို အနိုင်ရနေတယ်ဆိုတာ ပြောစရာမလိုပါဘူး။ Tencent က နိုင်ငံအလိုက် လစဉ် အသုံးပြုသူအရေအတွက် ကို ပြောကြားခြင်းမရှိပါဘူး။ တရုတ်ပြည်ပြင်ပမှာ WeChat က WhatsApp ကို အမှီလိုက်နိုင်လားဆိုတာ မသိရပါဘူး။ WeChat က တရုတ်ပြည်ပြင်ပ မှာ အသုံးပြုသူများလာအောင် စွဲဆောင်ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သုံးလအတွင်း နိုင်ငံတကာမှ အသုံးပြုသူ သန်းတစ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ပြီး အသုံးပြုသူ နှစ်ဆ မြင့်တက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာလည်း Google Play Store မှ ဒေါင်းလုပ်ပြုလုပ်မှု သန်းတစ်ရာ ရရှိခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ Tencent ရဲ့ အခြားဆက်သွယ်ရေး နဲ့ Social Networking Platforms တွေဖြစ်တဲ့ QQ နဲ့ Qzone တို့ရဲ့ အသုံးပြုမှု က ပြီးခဲ့တဲ့ တစ်နှစ်လုံး ကျဆင်းခဲ့ပါတယ်။ ကွန်ပြူတာ ကနေ မိုဘိုင်းဖုန်းတွေကို ပြောင်းလဲအသုံးပြုမှုကြောင့်လို့ Tencent က ပြောပါတယ်။

အနာဂတ်မှာ Tencent က သူ့ရဲ့ ဆက်သွယ်ရေး Platform တွေကို ဂိမ်းတွေ၊ ဖျော်ဖြေရေး ၊ သတင်းအချက်အလက်နဲ့ အခြား အသုံး၀င် တဲ့အရာတွေ ကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။ Chat App ထက်ပိုတဲ့ Social Platform ဖြစ်အောင် ပြုလုပ်မယ်လို့ သိရပါတယ်။

WeChat က ဒီနှစ် ဇန်နဝါရီလ မှာ ကမ္ဘာတစ်လွှားမှာ သူ့ရဲ့ ဂိမ်းတွေကို ဖြန့်ချီခဲ့ပါတယ်။ ငွေပေးချေမှုတွေကို Weixin ကနေပြုလုပ်နိုင်အောင် ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြုလုပ်ပေးခဲ့ပါတယ်။

ဒီနှစ်မှာ Tencent က WeChat မှာ မိတ်ဆက်ပေးခဲ့တဲ့ Video နဲ့ ဆက်စပ် Content တွေကို ကြည့်နိုင်တဲ့ Online Video ၀န်ဆောင်မှု ကို တိုးတက်အောင်ပြုလုပ်ဖို့ ကြံရွယ်နေပါတယ်။ WeChat ကို နိုင်ငံတကာမှာ ဈေးကွက်မြှင့်တင်ဖို့ လည်း ကြိုးစားနေပါတယ်။ တရုတ်ပြည်မှာလည်း သူ့ရဲ့ ငွေလွှဲ၀န်ဆောင်မှု ကို အသုံးပြုမှုများအောင် ကြိုးစားနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *