How-to

Website တစ်ခု မှာ အကောင့်တွေအများကြီး Login ၀င်ပြီးသုံးမယ်

အကြောင်းအမျိုးမျိုးကြောင့် Facebook, Google စတဲ့ ၀က်ဆိုက်တွေမှာ အကောင့်တစ်ခုထက်ပို အသုံးပြုကြမှာပါ။ အလုပ်အတွက်၊ ကိုယ်ရေးကိုယ်တာ အတွက် စသဖြင့် အကောင့်တွေတစ်ခုထက် ပို ရှိကြမှာပါ။ အဲဒီအကောင့်တွေကို Device တစ်ခုထဲကနေ တစ်ပြိုင်နက် အသုံးပြုဖို့ ၀က်ဆိုက်တွေက ခွင့်မပြုထားပါဘူး။ ၀က်ဆိုက်တွေက သင့်အကောင့်နဲ့ပတ်သက်တဲ့ Cookie တွေကို သိမ်းထားပြီးစစ်ဆေးလို့ဖြစ်ပါတယ်။ Browser တစ်ခုထဲမှာ Tab တစ်ခု အသစ်ဖွင့်သုံးလို့လည်းမရပါဘူး။ ဒါပေမယ့် အကောင့်တွေအများကြီးကို Login ၀င်ပြီးအသုံးပြုနိုင်တဲ့နည်းတွေရှိပါတယ်။

Private Browsing အသုံးပြုပါ။

Ashampoo_Snap_01

Browser တွေမှာ Private Browsing ကိုအသုံးပြုဖို့ပြုလုပ်ပေးထားပါတယ်။ အဲဒီအတွက် သာမာန် Mode နဲ့ အကောင့်တစ်ခုကိုအသုံးပြုနိုင်ပြီး Private Browsing Mode နဲ့ နောက်အကောင့်တစ်ခုကိုသုံးနိုင်ပါတယ်။

Private Browsing Mode ကိုအသုံးပြုဖို့

  • Firefox: Ctrl+Shift+P ကိုနှိပ်ပြီး Private Browsing Window တစ်ခုဖွင့်ပြီးအသုံးပြုပါ။
  • Google Chrome: Ctrl+Shift+N ကိုနှိပ်ပြီး Incognito Window ကိုအသုံးပြုပါ။
  • Opera 15+: Google Chrome နဲ့ အတူတူပဲဖြစ်ပါတယ်။
  • Internet Explorer: Ctrl+Shift+P ကိုနှိပ်ပါ။

တစ်ခုမှတ်ထားရမှာက Private Browsing Window ကို ပိတ်လိုက်တာနဲ့  History, Cookies တွေစတဲ့ သတင်းအချက်အလက်တွေကို ဖျက်ပစ်မှာပါ။

အခြား Browser တစ်ခုအသုံးပြုပါ။

သင့် ကွန်ပြူတာမှာ Browser နှစ်ခု အင်စတောလုပ်ထားရင် အကောင့် နှစ်ခုကို Browser နှစ်ခုမှာအသုံးပြုနိုင်ပါတယ်။ Browser တွေက Cookie တွေကို သူတို့ကိုယ်ပိုင် သီးသန့်နေရာမှာသိမ်းထားလို့ဖြစ်ပါတယ်။

Portable Version အသုံးပြုပါ။

Browser တော်တော်များများမှာ Portable Version တွေရှိကြပါတယ်။ နာမည်ကြီးတဲ့ Portable Apps ၀က်ဆိုက်မှာ ရနိုင်သလို တစ်ခြား ၀က်ဆိုက်တွေမှာလည်းရနိုင်ပါတယ်။ အောက်ကလင့်တွေကနေ Protable Browsers တွေကို Download လုပ်နိုင်ပါတယ်။

Chrome ရဲ့ အနွယ်၀င်တစ်ခုဖြစ်တဲ့ Chromium ကိုလည်းအသုံးပြုနိုင်ပါတယ်။

Profile တစ်ခုပြုလုပ်အသုံးပြုပါ။

Ashampoo_Snap_06

Browser တွေမှာ Profile တစ်ခုထက်ပိုအသုံးပြုလို့ရအောင်ပြုလုပ်ပေးထားပါတယ်။

Firefox

Firefox မှာ Profile အသစ်တစ်ခုပြုလုပ်ဖို့ Firefox ကို အရင် Exit လုပ်ပါ။ ပြီးရင် Win+R ကိုနှိပ်ပြီး firefox.exe –p ကိုနှိပ်ပါ။ Create Profile ကိုနှိပ်ပြီး အသုံးပြုပါ။ Firefox ရဲ့  Profile တွေကိုအလွယ်တကူ  Manage လုပ်ပေးနိုင်တဲ့ Profile Manager ဆိုတဲ့ Freeware ကိုလည်းသုံးနိုင်ပါတယ်။

 

Chrome

Chrome မှာတော့ ဘယ်ဘက်အပေါ်ထောင့်က Profile ပုံကိုနှိပ်ပြီး New User ကိုနှိပ်ပြီးအသုံးပြုနိုင်ပါတယ်။

Ashampoo_Snap_07

Extension တွေအသုံးပြုပါ။

Ashampoo_Snap_02

Browser Extension တွေကိုအသုံးပြုပြီးလည်း  Browser တစ်ခုထဲမှာ အကောင့် တစ်ခုထက်ပိုအသုံးပြုနိုင်ပါတယ်။ Firefox မှာတော့  Multifox ကိုသုံးနိုင်ပါတယ်။

Chrome User တွေအတွက် ဒီ Extension ကိုအသုံးပြုနိုင်ပါတယ်။

Website-specific

တစ်ချို့၀က်ဆိုက်တွေက အကောင့် တစ်ခုကနေတစ်ခုကို အလွယ်တကူပြောင်းသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ Google ရဲ့  ၀က်ဆိုက်တွေမှာ အကောင့်တစ်ခုကနေအခြားတစ်ခုကိုအလွယ်ပြောင်းသုံးနိုင်ပါတယ်။ Google Account Settings မှာသွားပြီးလုပ်လို့ရပါတယ်။

Ashampoo_Snap_03

 

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *