News

တစ်နေ့ ကော်ဖီလေးခွက်သောက်လျှင် အသေစောနိုင်ဟု သတိပေး

အသက် ၅၅နှစ်အောက်ရှိ လူများအနေဖြင့် တစ်နေ့လျှင် ကော်ဖီလေးခွက်၊ ရက်သတ္တတစ်ပတ်လျှင် ကော်ဖီ ၂၈ခွက် သောက်လေ့ရှိပါက စောစီးစွာ သေနိုင်ကြောင်း၊ ကျွမ်းကျင်ပညာရှင် သုတေသီများက သတိပေး ပြောကြားသည်ဟု သိရသည်။ အသက် ၂၀မှ ၈၇နှစ်အတွင်းရှိ လူ ၄၃၇၂၇ဦးအား ၎င်းတို့၏ နေထိုင်စားသောက်မှု ဘဝပုံစံကို လေ့လာရာမှ တွေ့ရှိခြင်း ဖြစ်သည်။

ကိုယ်ခန္ဓာ၏ အစာချေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်သော ဇီဝတွင်းဖြစ်စဉ်အား ကော်ဖီအလွန်အကျွံသောက်ခြင်းမှ ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း၊ အမေရိကန် သုတေသီများက ပြောကြားသည်ဟု သိရသည်။ ကော်ဖီစွဲသောသူများ ထိုသို့ ဖြစ်တတ်သည်ဟု ဆိုသော်လည်း ယခုသုတေသနပြုချက်သည် ကော်ဖီအသင့်အတင့်ပုံမှန် သောက်သုံးခြင်းက အသက်ရှည်မှုကို ဖြစ်စေသည်ဆိုသော အခြား သုတေသနပြုမှုများနှင့် ဆန့်ကျင်နေကြောင်းလည်း သိရပါသည်။

ယခု ၁၆နှစ်ကြာ လေ့လာမှုတွင် သေဆုံးမှု ၂၅၀၀ကို မှတ်တမ်းတင်ခဲ့ရာ ၎င်းတို့ထဲမှ သုံးပုံတစ်ပုံ လျော့လျော့သည် နှလုံးနှင့် နှလုံးသွေးလွှတ်ကြော ရောဂါများကြောင့် ဖြစ်ရသည်ကို တွေ့ရသည်ဟု ဆို၏။ ကော်ဖီများများ သောက်သူသည် ဆေးလိပ်ပိုသောက်တတ်ပြီး နှလုံးနှင့် အဆုတ်များ၏ ကျန်းမာရေး အားနည်းသည်ဟု ဆိုထားပါသည်။
ဘာပဲလုပ်လုပ် “တန်လျှင်ဆေး၊ လွန်လျှင်ဘေး”ဟု ဆိုထားပါသည်။ သင့်တင့်မျှတစွာ နေထိုင်စားသောက်ခြင်းသည်သာ “အသက်ကို ဉာဏ်စောင့်”ဟူသော စကားနှင့်အညီ ဖြစ်ပေသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “တစ်နေ့ ကော်ဖီလေးခွက်သောက်လျှင် အသေစောနိုင်ဟု သတိပေး

  1. Wai Linn says:

    မြန်မာပြည်က ကော်ဖီ အထုပ်တွေက ကော်ဖီစစ်ရဲ့လား သိချင်ပါတယ်ီ

  2. Htoon Naing Oo says:

    ဒန်ကျွဲစေ့ မန်းဂျီးစေ့များဈေးကောင်းလိမ့်

Leave a Reply

Your email address will not be published. Required fields are marked *