Mobile, News, Review

Vivo Y20 Obsidian Black (3GB/64GB) Unboxing

Vivo Y20 က ၂၀၂၀၊ ဩဂုတ်လကမှ အသစ်ထွက်ရှိလာတဲ့ Vivo ရဲ့ စမတ်ဖုန်းသစ်ကို ဒီနေ့ ထက်ထက်က unboxing လုပ်ပြီး မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
လှပသပ်ရပ်တဲ့ ပလတ်စတစ်ကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး ရှေ့ဘက်မှန်မျက်နှာပြင်အဖြစ် IPS LCD capacitive touchscreen (16M colors) အမျိုးအစား ကို တပ်ဆင်ပေးထားပါတယ်။
မျက်နှာပြင်အရွယ်အစား 6.51” နဲ့ ထုတ်လုပ်ပေးထားပြီး Resolution က HD+ (720×1600 pixels , 270 ppi density) ရရှိမှာဖြစ်တဲ့အတွက် ကြည်လင်တဲ့ရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာပါ။
OS အဖြစ် နောက်ဆုံးပေါ် Android 10 ကို အသုံးပြုထားပြီး User Interface အတွက် Funtouch 10.5 နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ သွက်လက်တဲ့ စွမ်းဆောင်ရည်ရရှိဖို့ System ပိုင်းမှာ Qualcomm SM4250 Snapdragon 460 (11 nm) Chipset နဲ့အတူ 1.8GHz Octa-core Processor ကို တွဲဖက်ပေးထားပါတယ်။
ဂရပ်ဖစ်ပိုင်းအတွက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Adreno 610 ကို တပ်ဆင်ပေးထားတာကြောင့် ပုံမှန် Apps တွေတင်သာမက ဂိမ်းကစားရင်လည်း ရှယ်ပါပဲ။
Internal Storage – 64GB ဖြစ်ပြီး RAM 3GB နဲ့ Apps တွေကို အဆင်ပြေပြေ၊ ပေါ့ပေါ့ပါးပါးနဲ့ တပြိုင်နက် အသုံးပြုနိုင်ပါတယ်။
ဆက်လက်ပြီးတော့ ထက်ထက်က ဖုန်းသုံးစွဲသူတိုင်း အလေးအနက်မေးတတ်ကြတဲ့ ဖုန်းကင်မရာအပိုင်းကို ပြောပြချင်ပါတယ်။
ဖုန်းရဲ့အနောက်ဘက်မှာ 13MP(wide) + 2MP (bokeh) + 2MP (macro) စုစုပေါင်း ကင်မရာသုံးလုံးကို တပ်ဆင်ပေးထားပြီး အမိုက်စားပုံရိပ်တွေကို ရိုက်ကူးနိုင်ပါတယ်။
Bokeh ကင်မရာက အသက်ဝင်နေတဲ့ အလန်းစား Portrait ဓာတ်ပုံတွေကို ဖန်တီးပေးမှာဖြစ်ပြီး Macro ကင်မရာက အနီးကပ်ပုံရိပ်တွေကို လှပစွာ ဖန်တီးပေးနိုင်ပါတယ်။
အင်မတန်လှပတဲ့ ကိုယ့်ရဲ့ရုပ်ခံကို Selfie ရိုက်ဖို့ Selfie ကင်မရာအဖြစ် 8MP (wide) ကင်မရာကို ဖုန်းအရှေ့ခြမ်းမှာ တပ်ဆင်ပေးထားပါတယ်။ Fingerprint ကတော့ ဖုန်းရဲ့ဘေးဘက်မှာတွေ ရပါလိမ့်မယ်။
အားအသုံးခံစေဖို့ အတွက် ဘက်ရီပါဝါကြီးမားတဲ့ 5000 mAh (၅၀၀ မီလီအင်ပီယာအာဝါ) ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ AI Power Saving နည်းပညာက ခရီးတွင်လာတဲ့အတွက် ဘက်ထရီကို အဲဒီနည်းပညာနဲ့ထိန်းကျောင်းပေးလို့ အင်တာနက်ဗီဒီယိုကြည့်ရှုချိန် ၁၆ နာရီ သို့မဟုတ် ဂိမ်းကစားချိန် ၁၁ နာရီအထိ အားအကြာကြီးခံပါတယ်။
18W Fast Charging (microUSB 2.0) Adapter က မိနစ် ၇၀ အတွင်း ဘက်ထရီ ၇၀ ရာခိုင်နှုန်းအထိ အားပြန်သွင်းပေးနိုင်ပါတယ်။ ခဏလေး အားပြည့်မြန်တဲ့အတွက် ခရီးသွားရင်း သုံးရင် သိပ်ကောင်းပေါ့။
လှပသပ်ရပ်တဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး အဖြူရောင်နဲ့ အနက်ရောင် နှစ်မျိုးလာပါတယ်။ အာမခံသက်တမ်း တစ်နှစ် ပါဝင်ပြီးသားပါ။

Leave a Reply

Your email address will not be published. Required fields are marked *