News, Promotion

အောက်တိုဘာလကုန်ထိ အထူးလျှော့ဈေးနဲ့ ရောင်းချမယ့် hp printer ၂လုံး

အောက်တိုဘာလကုန်ထိ HP ရဲ့ Printer ၂ လုံးကို ICT.com.mm မှာ အထူးလျော့စျေးနဲ့ ရောင်းချပေးနေပါပြီနော်။ HP LaserJet Pro M15W Printer နဲ့ HP Officejet 7720 Wide Format All In One Printer တွေကို ရောင်းချပေးသွားမှာပါ။
HP HP LaserJet Pro M15W Printer လေးကတော့ အဖြူ/အမည်း (Mono) နဲ့ ပရင့်ထုတ်နိုင်ပါတယ်။ ပရင့်သီးသန့်အတွက်ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် M Series ပရင်တာတွေထဲက တစ်လုံး ဖြစ်တဲ့အတွက် USB 2.0 Port, Wireless, Wi-Fi direct, Air Print စတဲ့ ချိတ်ဆက်မှုအားလုံးနဲ့ အဆင်ပြေပြေ လျင်မြန်စွာ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ပရင့်ထုတ်အမြန်နှုန်း တစ်မိနစ်လျှင် 19 မျက်နှာအထိ ရရှိမှာဖြစ်ပြီး Resolution အနေနဲ့ 600 x 600 dpi အထိ ရရှိမှာ ဖြစ်ပါတယ်။ A4, A5, A6 နဲ့ Envelope စက္ကူအရွယ်အစား အားလုံးကို ပရင့်ထုတ်ပေးနိုင်မှာပါ။ တစ်လမှာလစာမျက်နှာ 8,000 အထိ ပရင့်ထုတ်နိုင်ပါတယ်။ စာမျက်နှာ 1000 အထိ ထုတ်နိုင်တဲ့ HP အော်ရီဂျင်နယ် HP 48A LaserJet Black Toner Cartridge နဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ အခြား Cartridge တွေနဲ့ လုံးဝအသုံးပြုလို့ မရပါဘူး။ သူ့ကိုတော့ မူရင်းစျေး K136,460 ကနေ K115,000 တည်းနဲ့ ICT မှာ ဝယ်ယူနိုင်ပါပြီ။ အောက်က လင့်ခ်လေးကို နှိပ်ပြီး ဝယ်ယူပေးပါနော်။
HP Officejet 7720 Wide Format All In One Printer လေးကတော့ Print, Copy, Scan, Fax လုပ်ဆောင်ချက်လေးမျိုးလုံးကို ပြုလုပ်ပေးနိုင်တဲ့ Printer ဖြစ်ပါတယ်။ A3 Size အထိ ပရင့်ထုတ်ပေးနိုင်ပြီး Legal Size အထိ ကော်ပီကူးပေးနိုင်မှာပါ။ အဖြူအမည်းတင်သာမက ကာလာပရင့်ကိုပါ လျင်မြန်စွာပရင့်ထုတ်နိုင်ပြီး 34 ppm (တစ်မိနစ်လျှင် ၃၄ မျက်နှာနှုန်း) ရရှိမှာဖြစ်ပါတယ်။ အကောင်းဆုံးပရင့်အရည်အသွေးအဖြစ် resolution – 4800×1200 အထိ ရရှိနိုင်ပြီး အဖြူအမည်းဆိုပါက 1200×1200 နဲ့ရရှိမှာပါ။ ကော်ပီကူးသည့်အမြန်နှုန်းအနေနဲ့ အဖြူအမည်း/ကာလာ နှစ်မျိုးလုံးအတွက် 34 cpm နှုန်းအထိ ကော်ပီကူးပေးနိုင်ပါတယ်။ တစ်လလျှင် A4 စာမျက်နှာပေါင်း 30,000 အထိအသုံးပြုနိုင်မှာပါ။ Mobile ပရင့်ထုတ်ခြင်းကို ထောက်ပံ့ပေးထားပြီး Apple Air Print™️, HP ePrint, Wireless Direct Printing, Mopria -certified နဲ့ Google Cloud Print™️ 6 စတဲ့ Mobile ပရင့်ထုတ်နည်းစနစ်အားလုံးနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Automatic Duplex Printing ရရှိတဲ့အတွက် A4/Letter Size တွေကို ကျောကပ်ပရင့်ထုတ်တဲ့အခါမှာ အလိုအလျောက်စနစ်နဲ
ကျောကပ်ထုတ်ပေးနိုင်မှာပါ။ Wireless ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ Scanဖတ်တဲ့အခါမှာ file format အနေနဲ့ JPEG, TIFF, PDF, BMP, PNG တို့ဖြင့် scan ဖတ်ပေးနိုင်မှာပါ။ Fax ပို့တဲ့အခါမှာလည်း လွယ်ကူမြန်ဆန်ပြီး ကာလာဖြင့် Fax ပို့နိုင်ပါတယ်။ ဒီ Printer လေးကိုတော့ မူရင်းစျေး K320,000 ကနေ K290,000 တည်းနဲ့ အောက်ကလင့်ခ်လေးကို နှိပ်ပြီး ဝယ်ယူနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *