Foods, News, Review

Genius Blue Pond Coffee 100% Arabica Blue Pond Specialty Coffee (320g) အကြောင်း

IT နဲ့ရင်းနှီးကျွမ်း၀င်သူတွေဟာလည်း ခံစားချက်နဲ့သူတွေပဲမို့ အလုပ်လုပ်ရင်း game ဆော့ရင်း ချစ်ရသူလေးနဲ့အတူမရှိသေးတောင် ကော်ဖီလေးတစ်ခွက်နဲ့ ဖြတ်သန်းမှ အဓိပ္ပာယ်ရှိတာမျိုးဆိုတဲ့ သူတွေအတွက် ICT မှ တကယ့်အရည်သွေးကောင်းတဲ့ Coffee လေးအကြောင်းပြောပြပါဦးမယ်‌နော်။

မြန်မာနိုင်ငံတွင် ပထမဆုံး USDA & EU Certificate လက်မှတ်ရ Organic Coffee များကို ထုတ်လုပ်ဖြန့်ချီရောင်းချနေသော Genius Shan Highlands Coffee လုပ်ငန်းမှ ထုတ်လုပ်ထားပြီးတော့ အရသာအနေကတော့ အချဉ်ဓါတ်ပါတဲ့ အသီးအရသာနဲ့ ကော်ဖီ၏မွေးရနံ့ပိုမိုရနိုင်မှာပါ။ Blue Pond Coffeeကို အစေ့အရွယ်အစား အကြီးဆုံးကို light roast level လှော်ထားပြီး ကော်ဖီအစေ့အတိုင်းထုတ်လုပ်ထားပါတယ်။

Genius ကော်ဖီကိုမြန်မာနိုင်ငံ ကုန်မြင့်ဒေသများတွင် ရိုးရာနည်းလမ်း အရိပ်ရပင်များဖြင့်စိုက်ပျိုးထားပြီး ပင်လည်ရေ မျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်တွင် အာရေးဘီးကား ကော်ဖီပင်များကို စိုက်ပျိုးထားခြင်းဖြစ်ပါတယ်။

ကော်ဖီစိုက်ခင်း၊ ခူးဆွတ်ရာနေရာကနေ လှော်တဲ့အထိ မြေသြဇာ၊ ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများ၊ အရောင်တင်ဆေးများကို လုံးဝမသုံးစွဲဘဲ သဘာဝအတိုင်းရရှိသည့်ကော်ဖီကိုသာ စနစ်တကျအသုံးပြုထားတာပါနော်။

ရောင်းချရသော ကော်ဖီတန်ဖိုး၏ ၁၀%ကို ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး နှင့် ဓနုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လှူဒါန်းလျက်ကြောင်းနဲ့ အနံ့အရသာနှင့် ပြည့်စုံသောကော်ဖီရရှိရန်အတွက်ကော်ဖီကို မိမိကြိုက်နှစ်သက်သလို ကြိတ်နိုင်ပါသေးတယ်။
ကော်ဖီမှုန့် စားပွဲတင်ဇွန် (၂)ဇွန်းကို ရေနွေး (၆)အောင်စခန့်ဖြင့်ရောစပ်၍ သုံးဆောင်နိုင်ပါတယ်။ ကော်ဖီကိုလေလုံသောဗူးနဲ့ ခြောက်သွေ့သောနေရာတွင်သိမ်းဆည်းထားရပါမယ်။ Oxygen၊ ရေငွေ၊ အပူ၊ အလင်းရောင် (UV) မထိတွေ့အောင်လည်း သိန်းဆည်းရပါမယ်နေ်။ Hand Drip ဖျော်နည်းအတွက်အထူးသင့်တော်ပါတယ်။

အခုလောက်ဆိုအတော်လေးပြည့်စုံနေပြီမို့ ကော်ဖီချစ်သူတွေချင်း နားလည်မယ်လို့ ယုံကြည်ပါတယ်။ မှာယူနိုင်ဖို့ဆိုရင်တော့ အောက်က link လေးကိုနှိပ်ပြီး အလွယ်တကူမှာယူနိုင်ပါပြီရှင့်။

Shop here:
https://www.ict.com.mm/product/genius-blue-pond-coffee-100-arabica-blue-pond-specialty-coffee-320g/

Leave a Reply

Your email address will not be published. Required fields are marked *