News

AGD ဘဏ်တွင် ယခုလကုန်မှ စ၍ VISA ကဒ် အသုံးပြုနိုင် တော့မည်

AGD-Bank

ယခုလကုန် ဇွန်လပိုင်းမှစ၍ အာရှ စိမ်း လန်းဖွံ့ဖြိုးရေးဘဏ် AGD ဘဏ်တွင် ကမ္ဘာ သုံး ငွေပေးချေကဒ် တစ်ခုဖြစ်သည့် VISA Cardကို AGD ဘဏ်၏ ATMနှင့် POS စက် များတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ AGDဘဏ် အနေဖြင့် မေလ (၂၁)ရက်နေ့တွင် VISA Card လက်ခံ သုံးစွဲ ခွင့် တရားဝင် ခွင့်ပြုချက် (Visa Principal License)ကို လက်ခံရရှိခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် ဇွန်လမှ စတင်၍ မြန်မာ နိုင်ငံ အနှံ့တွင် ရှိသော AGD ဘဏ်၏ ATM စက်များတွင် VISA Cardဖြင့် ငွေသား ထုတ် ယူခြင်းကို ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

VISA Card လက်ခံချိတ်ဆက် ဆောင်ရွက်လိုသော စီးပွားရေး လုပ်ငန်းဆိုင် ရာ အရောင်းဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ် စားသောက်ဆိုင်များ၊ Super -marketများကို ဖိတ်ခေါ် လက်ခံ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် VISA Card အသုံးပြုမှုကို ပြည် တွင်းရှိ သမဝါယမဘဏ် (CB Bank)မှ ပထမဦးဆုံး လက်ခံဆောင်ရွက်ခွင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ အနှံ့တွင် အသုံးပြုလျက်ရှိ ကြောင်း သိရသည်။ VISA Card ဖြင့် ငွေ ထုတ်ယူရာတွင် တစ်ကြိမ်လျှင် (၃)သိန်း ကျပ်နှုန်းဖြင့် တစ်နေ့လျှင် (၁၀)သိန်းထက် မပိုသော ပမာဏကို ထုတ်ယူနိုင်ပြီး တစ် ကြိမ်ထုတ်ယူလျှင် ဝန်ဆောင်ခ ၅၀၀၀ ကျပ် ပေးဆောင်ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *