ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ် သမားများအတွက် ရည်ရွယ်၍ မြန်မာဘီယာ ကို ထို်င်းနိုင်ငံ ဈေးကွက်အတွင်းသို့ တင် သွင်းရန် ThaiBev အဖျော်ယမကာ ကုမ္ပဏီ ကြီးက စီစဉ်နေကြောင်း၊ ထိုင်းနိုင်ငံ မီဒီယာ များတွင် ဖော်ပြထားချက်အရ သိရသည်။ ThaiBev ကုမ္ပဏီသည် မြန်မာနို်င်ငံတွင် ဈေးကွက် တိုးချဲ့ရန် စီစဉ်နေကြောင်းနှင့် Myanmar Brewery Ltd.တွင် ရှယ်ယာပိုင် ဆိုင်ထားသည့် စင်ကာပူမှ F&N ကုမ္ပဏီနှင့် ပူးပေါင်းမှု ရယူထားသည်ဟု ဘန်ကောက် ပို့စ်သတင်းစာက ဖော်ပြထားသည်။
“မြန်မာနို်င်ငံက အာရှရဲ့ ထွန်းတောက် ကြယ်ဖြစ်နေတာပေါ့။ အားလုံးက အဲဒီကိုပဲ ကြည့်နေကြတာ။ အဲဒီက ဈေးကွက်က လည်း ထိုင်းနိုင်ငံနဲ့ အတော်ဆင်တူပါ တယ်”ဟု ThaiBevမှ ဥက္ကဋ္ဌနှင့် အမှုဆောင် ချုပ်ဖြစ်သူ သာပါနာက ပြောကြားခဲ့သည်။ ၎င်းက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းများ ထုတ်လုပ်ရန်မှာ လျှပ်စစ်နှင့် ရေရရှိမှုတို့ကဲ့ သို့ အခြေခံ အဆောက်အအုံများ ပြည့်စုံရန် စောင့်ဆိုင်းရဦးမည်ဟု သုံးသပ်သည်။ လော လောဆယ် အချိန်တွင်မူ မြန်မာဘီယာကို ထိုင်းနိုင်ငံသို့ တင်သွင်းနိုင်မည်ဟု ဆိုသည်။
“ကျွန်တော်တို့က မြန်မာဈေးကွက်ထဲက အခွင့်အလမ်းကိုလည်း ရှာဖွေနေပြီး၊ မြန်မာ့ ထုတ်ကုန်တွေကို ဒီဘက်ကိုတင်သွင်းနိုင် မယ့် အခွင့်အရေးကိုလည်း ကြည့်နေပါ တယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။ ThaiBev ကုမ္ပဏီသည် ၎င်းတို့၏ နာမည်ကျော် Beer Changကိုလည်း ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် ထုတ်လုပ်ခွင့် ရရှိထားကြောင်း သိရသည်။