News

ဆီးဂိမ်းတွင် ရွေတံဆိပ် ၇၀ကျော် ရရန်ဗီယက်နမ်မျှော်မှန်း

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗီယက်နမ် အားကစားအဖွဲ့များအနေဖြင့် အားကစားနည်း ၃၃မျိုးမှ ရွေ ၇၆ခုအထိ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲတွင်မူ အားကစားနည်း ၄၄မျိုးမှ ဆုတံဆိပ်ပေါင်း ၅၄၅ခု ချီးမြှင့်ခဲ့ပြီး ၂၀၁၃ဆီးဂိမ်းတွင် အားကစားနည်း ၃၃မျိုးမှ ဆုတံဆိပ်ပေါင်း ၄၆၀ ပေးအပ်သွားမည်ဟု ဆိုသည်။ အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲထက် အားကစားနည်း ၁၀မျိုး လျော့နည်းနေသည့်အတွက်ကြောင့် ဗီယက်နမ်၊ အားကစားအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဆီးဂိမ်းပြိုင်ပွဲသို့ အားကစားသမား ၇၅၀ စေလွှတ်ယှဉ်ပြိုင်စေရန် လျာထားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆီးဂိမ်းပြိုင်ပွဲတွင် ရွေှတံဆိပ် ၇၀ကျော် ရရှိနိုင်ရန် ရည်မှန်းနေခြင်းနှင့် ပတ်သက်၍ ဗီယက်နမ်အားကစားအဖွဲ့များ ကိုယ်စားလှယ် Mr.Lam Quang Thanhက “ကျွန်တော်တို့အနေနဲ့ ရွေှတံဆိပ် ၇၀ အနည်းဆုံးရနိုင်မယ်လို့ ထင်တယ်။ ထိပ်ဆုံးသုံးသင်း ရပ်တည်မှုမှာ ဗီယက်နမ်ပါနိုင်အောင် ကြိုးစားသွားမယ်။ ကျွန်တော်တို့ ထိပ်ဆုံးနှစ်နေရာအတွက် ပြိုင်ဆိုင်ရမှာက အိမ်ရှင်နိုင်ငံနဲ့ ထိုင်းနိုင်ငံပါပဲ။ ထိုင်းနိုင်ငံက ဒေသတွင်း နိုင်ငံတွေထဲမှာ အင်အားအကောင်းဆုံးပဲ”ဟု ပြောသည်။

ထို့အပြင် ယင်းက ဗီယက်နမ်ပြေးခုန်ပစ်အသင်းမှ ရွေှတံဆိပ် ၁၂ခုကျော် ရရှိနိုင်ကြောင်း၊ ရေကူးတွင်လည်း နာမည်ကျော် ရေကူးသမားများ ၀င်ပြိုင်မည်ဖြစ်ရာ ရွေှတံဆိပ်များကိုလည်း ယင်းပြိုင်ပွဲများမှ အများဆုံး ရရှိနိုင်ကြောင်း ပြောခဲ့သည်။ ဗီယက်နမ်အသင်း ရွေရနိုင်သည်ဟု ခန့်မှန်းထားသော အားကစားနည်းများတွင် ဘောလုံးပြိုင်ပွဲ ပါ၀င်ခြင်းမရှိပဲ တိုက်ကွမ်ဒို၊ ဂျူဒို၊ နပန်း၊ ကရားတေး၊ ၀ူးရှုး၊ ပန်ကြပ်ဆီလတ်၊ မွေထိုင်း လက်ဝှေ့၊ ကမ်ပို၊ ဗိုဗီနမ်နှင့် လက်ဝှေ့တို့ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *