News

ထိုင်ဝမ်ဆက်သွယ်ရေး ကုမ္ပဏီ CHTနှင့် HTCတို့ ပူးပေါင်း၍ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်

ထိုင်ဝမ်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် CHTနှင့် HTCတို့ ပူးပေါင်းပြီး မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း ထိုင်ဝမ်ရှိ China Times News Group၏ သတင်း ဖော်ပြချက်အရ သိရသည်။ ထိုင်ဝမ်ရှိ ဆက်သွယ်ရေး ကုမ္ပဏီများတွင် အကြီးဆုံး ကုမ္ပဏီ တစ်ခုဖြစ်သည့် Chunghwa Telecom (CHT)နှင့် Smartဖုန်းများ ထုတ်လုပ်သည့် ကမ္ဘာအဆင့် ကုမ္ပဏီဖြစ်သည့်  HTCတို့သည် ၄င်းတို့၏ ပင်လယ်ရပ်ခြား စီးပွားရေး လုပ်ငန်းများ တိုးချဲ့ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးကဏ္ဍတွင် ရင်နှီး မြှုပ်နှံရန် သဘောတူထားသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ဆက်စပ်ပြီး ၄င်းတို့က ရင်းနှီး မြှုပ်နှံသွားမည် ဖြစ်သည်ဟု ဆိုသည်။ Chunghwa Telecom (CHT), HTC ၊ ဂျပန်မှ Marubeniနှင့် ပြင်သစ် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Orangeနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းများတွင် ဆောင်ရွက်ရန် လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်ဟု China Times News Groupက သတင်းဖော်ပြထားသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *