How-to

နေရာတိုင်းမှာ “Do Not Track”ကို အသုံးပြုပါ

ကြော်ငြာCompanyတွေက သင်ဘယ်၀က်ဆိုက်တွေကို ကြည့်သလဲ၊ ဘာတွေကို စိတ်၀င်စားလဲ ဆိုတာ သင်အသုံးပြုတဲ့ Browserတွေကနေ တစ်ဆင့် Trackလုပ်နေကြပါတယ်။ ဒီလို လေ့လာပြီး သင်အကြိုက်တွေ့မယ့် ကြော်ငြာတွေ၊ ဆောင်းပါးတွေကို သင့်ကိုပြသ ပေးနေကြတာပါ။ သင့်ရဲ့ Browsing Habitကို သူတို့ကို မသိစေချင်ရင် “Do Not Track”ကိုအသုံးပြုပါ။

Chrome : Setting pageကိုသွားပြီး “Show advanced settings”ကိုနှိပ်ပါ။ Privacy sectionမှာ “Do Not Track”ကို အမှန်ခြစ်ပေးပါ။

Mobile Chrome : Settingက Privacyမှာ “Do Not Track”ကို Onပေးပါ။

Firefox : Options>Privacyအောက်မှာ “Tell websites I do not want to be tracked.”ကို ရွေးချယ်ပေးပါ။

Internet Explorer : Tools buttonကိုနှိပ်ပြီး Internet Optionsကို၀င်ပါ။ Advanced tabမှာ “Always send Do Not Track Header.”ကိုအမှန်ခြစ်ပေးပါ။

Safari : Preferences>Privacyအောက်မှာ “Ask website not to track me.” Check boxမှာ အမှန်ခြစ်ပေးပါ။

Mobile Safari : IOS 7မတိုင်ခင် အထိတော့ “Do Not Track” featureကို supportမပေးသေးပါဘူး။ အဲဒီအတွက် “Do Not Track”အစား Setting>Safariအောက်ကို သွားပြီး Private Browsingကို Selectလုပ်ပါ။

Opera : Preferences>Advanced>Securityကိုသွားပြီး “Ask websites not to track me.”ကို အမှန်ခြစ်ပေးပါ။

Twitter : Account Setting Pageကိုသွားပြီး “Tailor Twitter based on my recent website visits,”နှင့် “Tailor ads based on information shared by ad partners.”ဆိုတဲ့ Check boxနှစ်ခုမှာ အမှန်ခြစ်ဖြုတ်ပါ။

Pinterest : Pinterestကလည်း Browserအားလုံးမှာ “Do Not Track”ကိုအသုံးပြုလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ Twitterလိုပဲ သင့်Dataတွေကို Trackမလုပ်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။

Advertising Networks : သင့်Dataတွေကို Trackအလုပ်ဆုံး သူတွေကတော့ Advertisersတွေ ဖြစ်ပြီး သူတို့တွေ Trackမလုပ်နိုင်အောင် တားဆီးဖို့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကကျတဲ့ Advertising Networksတွေကတော့ BlueKai,DataLogix,Acxiom,Chitikaတို့ပဲ ဖြစ်ပါတယ်။

Advertising Networksတွေက သင့်ကို Trackလုပ်နေတာတွေကို လုံး၀တားဆီးလို့တော့ ရနိုင်မှာ မဟုတ်ပါဘူး။ အပေါ်က နည်းလမ်းတွေကို သုံးပြီးတော့ သင့်Dataတွေ သူတို့ဆီ ရောက်ရှိမှု အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သင်နှစ်သက်တဲ့ ကြော်ငြာတွေကို တွေ့မြင်ချင်တယ် ဆိုရင်တော့“Do Not Track”ကို အသုံးမပြုပဲ ထားနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *