News

မီးနေသည် များ ငါးခြောက်စားပါက ဘယ်ရီဘယ်ရီ ရောဂါဖြစ်နိုင်

မီးနေသည် များငါးခြောက်စားခြင်း မှာမိခင်ရော၊ကလေးပါ ဘယ်ရီ ဘယ်ရီရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မြန်မာလူမျိုး တို့၏ထုံးစံအရ ငါးခြောက်၊ ငါးကြော်၊ ကြက်ကြော် တို့ကို မီးနေ သည်အစာအဖြစ် ယူဆကာ စားသုံးလေ့ ရှိကြကြောင်း ၊ ယင်းတို့အနက် ငါးခြောက်များမှာ အစားအသောက် များမှ ဗီတာမင် ဘီ၀မ်းဓါတ် ကိုဖျက်စီးသည့် ဓါတ်ပါ၀င်သောကြောင့် မိခင်ရော၊ကလေး ပါဗီတာမင် ဘီ၀မ်း ချို့တဲ့ သည့် ဘယ်ရီ ဘယ်ရီ ရောဂါ များ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) မှပါမောက္ခ ဌာနမှုး ဒေါက်တာ မြသီတာ က ပြောကြားသည် ဟုသိရသည်။

“ဗီတာမင် ဘီ၀မ်းချို့တဲ့ လို့ဖြစ်တဲ့ ဘယ်ရီ ဘယ်ရီ ရောဂါလက္ခဏာက ခြေလက်တွေ ထုံကျဉ်လာမယ်။ ဖေါလာမယ်။ မောလည်းမောလာမယ်။ နောက်ဆုံးချည့်နဲ့ သွားနိုင်တယ်။ အရပ်ထဲမှာ ပြောလေ့ရှိ တဲ့ မီးနေသည် ချည်နဲ့တယ် ဆိုတာ ဗီတာမင် ဘီ၀မ်းချို့တဲ့လို့ဖြစ် တာ”ဟုဒေါက်တာ မြသီတာ ကဆိုသည်။

၄င်းအပြင် မိခင်နို့ကို စို့သော နှစ်လသား၊သုံးလသား အရွယ်ကလေးများမှာလည်းဘယ်ရီ ဘယ်ရီရောဂါများ ဖြစ်ပွားလာပါ ကသွေးအားနည်းကာ ဖြူဖျော့လာခြင်း၊ ဖောသွပ်ခြင်း၊ နှလုံးခုန်နှုန်း မြန်လာခြင်း စသည့်ရောဂါ လက္ခဏာ များဖြစ်ပေါ် လာနိုင်ပြီး အမော ဖေါက်ကာ ရုတ်တရက် သေဆုံးနိုင်ကြောင်း သိရသည်။

“ကလေးက အကောင်းကြီး ကနေပြာနှမ်း ပြီးသေတယ်ဆိုရင် အညှော်မိ လို့သေတယ်ဆို ပြီးလွဲမှားစွာယူဆ နေကြတယ်။ အမှန်တကယ်ကဗီတာမင်ဘီ၀မ် ချိုတဲ့ လို့သေတာ “ယင်းက ဆက်လက်ပြောကြား သည်။

ထို့အပြင် မိခင်များအနေ ဖြင့်မီးနေသည် အစာအဟာရ များကိုချက်ပြုတ် စားသောက်ရာ တွင် ငါးခြောက်အစား အသားမျးကို ဟင်းသီးဟင်းရွက်များနှင့် ရောနှောချက်ပြုတ် ကာစားသောက်ရ မည်ဖြစ်ကြောင်း ၊ ချက်ပြုတ် စားခြင်းသည် သားငါးများကို ကြော်စားခြင်း ထက် အာဟာရ ပိုမိုပြည့်၀စွာ ပါ၀င်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *