Apps, Cameras, Featured, Gadgets, Gaming, Laptops, Mobile, News, Review

၂၀၁၄ရဲ့ အကောင်းဆုံး နည်းပညာ ထုတ်ကုန် ၁၂ ခု

၂၀၁၄ရဲ့ အကောင်းဆုံး နည်းပညာ ထုတ်ကုန် ၁၂ ခု

ဒီနှစ်ရဲ့ အကောင်းဆုံး နည်းပညာ ထုတ်ကုန် ၁၂ ခုကို ရွေးချယ်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စားသုံးသူ အီလက်ထရောနစ် နည်းပညာ ကမ္ဘာဟာ နှစ်တိုင်း ကြီးမားကျယ်ပြန့်လာပြီး အခုဆိုရင် ချပ်၀တ်တန်ဆာကွန်ပျူ တာနဲ့ 3D Printing တို့လို အံ့မခန်း ကဏ္ဍတွေက အလုံးအရင်းနဲ့ ပါ၀င်လာပါပြီ။

ဒါပေမယ့် ဒီနှစ်မှာတော့ သက်တမ်းရင့်တဲ့ ထုတ်ကုန် ကဏ္ဍတွေကပဲ အတောက်ပဆုံး ဖြစ်နေခဲ့ပါတယ်။ စမတ်ဖုန်း၊ လက်တော့၊ E-readerတွေဟာ စံနမူနာပြတွေ ဖြစ်လာခဲ့ပါတယ်။

ဒီဆောင်းပါးကတော့ Mashableက ၂၀၁၄ ခုနှစ်အတွက် ရွေးချယ်ထားတဲ့ အကောင်းဆုံးနည်းပညာ ထုတ်ကုန် ၁၂ ခုအကြောင်းဖြစ်ပါတယ်။

12. Denon Envaya DSB-200

ဒေါ်လာ ၁၉၉ တန် Denon Envaya DSB-200ဟာ ရင့်ကျက်တဲ့ ဒီဇိုင်းနဲ့ အရောင်တောက်ပြောင်ပြီး ထောင့်တွေမှာ လုံး၀န်းတဲ့ ပုံသဏ္ဍာန်ရှိတဲ့ Bluetooth Speakerဖြစ်ပါတယ်။ ဘေ့စ်သံ များစွာ အသုံးချနိုင်တဲ့ လှပတဲ့ အသံတွေကို ထုတ်လွှင့်ပေးနိုင်တဲ့ ဂတ်ဂျတ်တစ်ခုပါ။ ၂.၂၅ လက်မအရွယ်စပီကာကြောင့်လည်း ကောင်းတာ ဖြစ်ပါတယ်။ အားနည်းချက်တစ်ခုက မကြာခဏ အားသွင်းရတာဖြစ်ပေမယ့်လှပတဲ့ ဒီဇိုင်းကြောင့်ကြိုးမဲ့ စပီကာကို ရှာဖွေနေသူများအတွက် ထိပ်ဆုံးက ရွေးချယ်စရာ ဖြစ်ပါတယ်။
12
11. Apple iPad Air 2

Appleရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် တက်ဘလက်ဖြစ်တဲ့ iPad Air 2ဟာ သူထုတ်လုပ်ခဲ့ဖူးသမျှထဲမှာတော့ အကောင်းဆုံးဆိုတာ ငြင်းမရပါဘူး။ ပေါ့ပါးပြီး အလွန်ပါးလွှာပါတယ်။ ဒါပေမယ့် တက်ဘလက်နည်းပညာကတော့ အခြား တက်ဘလက်တွေထက် အလွန်မြင့်မားတာ မဟုတ်ပါဘူး။ အရင်ထုတ်တဲ့ iPadအမျိုးအစားတွေကတော့ သာခဲ့ပါတယ်။ iPad Air 2မှာ လွယ်ကူသက်သာပြီး လုံခြုံရေးအတွက် အသုံး၀င်တဲ့ Touch ID Fingerprint Sensor ထည့်သွင်းအဆင့်မြှင့်ပေးလိုက်တာ ကတော့ ကြိုဆိုကြရမှာပါ။ 16GB ကို ဒေါ်လာ ၄၉၉ ကျသင့်မှာ ဖြစ်ပေမယ့် Appsများစွာ အသုံးပြုချင်ရင်တော့ 64GBကို ဒေါ်လာ ၅၉၉နဲ့ ရွေးချယ်နိုင်ပါတယ်။
11
10. Adobe Ink and Slide
Adobeရဲ့ Hardwareအတွဲ အသစ်တစ်ခုဖြစ်တဲ့ Ink Bluetoothအခြေပြု iPad Stylusနဲ့ Slide Digital Rulerတို့ ဖြစ်ပါတယ်။ iPadမှာ ပုံတွေဆွဲဖို့ အဆင်ပြေစေမှာပါ။ iPadမှာ ဘယ်လိုပုံမဆိုဆွဲနိုင်တဲ့ ဒစ်ဂျစ်တယ်ဘောပင်နဲ့ စက္ကူ လို့လည်း ပြောလို့ရပါ တယ်။ အဲဒီ ကိရိယာနှစ်ခုဟာ အရင် Adobe Sketchနဲ့ Adobe Lineလို့ သိကြပြီး အခုတော့ Photoshop Sketch and Illustrator Lineလို့ သိကြတဲ့ ဆော့ဝဲနဲ့ တွဲဖက် အလုပ်လုပ်ပါတယ်။ ဒေါ်လာ ၁၉၉.၉၉ တန်ကြေးရှိလို့ Accessoriesအနေနဲ့ ဈေးကြီးပေမယ့် အနုပညာရှင်တွေအတွက်တော့ ကောင်းမွန်ပါတယ်။
10
9. Amazon Kindle Voyage

Amazon Kindle Voyage E-Readerကတော့ တကယ့် စာအုပ်တစ်အုပ်နဲ့ တူတဲ့ နည်းပညာ ထုတ်ကုန်တစ်ခုပါ။ အားသာချက်ကတော့ စာရွက်တွေများစွာ ကုန်စရာမလိုဘဲ အသုံးပြုနိုင်တာပါ။ ပါးလွှာ ပေါ့ပါးပြီး ရုပ်ပုံတွေကို အလွန်ကြည်လင်ပြတ်သားစွာ ပြသပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ စာဖတ်သူတွေအတွက် အနည်းငယ်ကြီးမြင့်ပြီး ဒေါ်လာ ၁၉၉ ဖြစ်ပါတယ်။

9
8. Acer Chromebook C720 i3

Acerက နောက်ဆုံးထုတ်တဲ့ Chromebook C720ကတော့ အကောင်းဆုံး Chromebookပါပဲ။ စတုတ္ထမျိုးဆက် Intel Core i3 Processorက Chromebookအများစု မလုပ်နိုင်တဲ့ အလုပ်များစွာ တစ်ပြိုင်နက် ပြုလုပ်ခြင်းကို ပံ့ပိုးပေးပါတယ်။ ဈေးနှုန်း အလွန်သက်သာပေမယ့် တကယ့် လက်တော့ တစ်လုံးလိုပါပဲ။ 2GB RAM ပါတဲ့ အမျိုးအစားကို ဒေါ်လာ ၃၄၉.၉၉နဲ့ ရောင်းချပေးနေပါတယ်။
8
7. BlueAnt Pump HD

ဒါကတော့ ကြိုးမဲ့ နားကြပ်ဖြစ်ပြီး ဂျင်ကစားရင်တော့ အဖော်ကောင်းပါ။ Headphoneမှာ ခေါင်းထိပ်မှာ တင်ထားရတဲ့ ကြိုးမပါပါဘူး။ အသံ အရည်အသွေးက ကောင်းမွန်ပါတယ်။ အကောင်းဆုံးက ရေစိုခံတာပါ။ ၉၃ ဒေါ်လာ သတ်မှတ်ထားပြီး လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် ရွေးချယ်စရာတစ်ခုပါ။
7
6. Apple iMac Retina 5K Display

၂၇ လက်မမျက်နှာပြင် တပ်ဆင်ထားတဲ့ iMac Retina 5K Displayကတော့ အလွန်တရာလှပတဲ့ မျက်နှာပြင်ပါပဲ။ ဒါ့အပြင် အကောင်းဆုံး စွယ်စုံသုံးကွန်ပျူ တာပါ။ iMacရဲ့ အလွန်ပါးလွှာတဲ့ မျက်နှာပြင်ထဲမှာ ဒီလို စွမ်းရည်တွေထည့်သွင်းနိုင်တာက Appleရဲ့ ကြီးမားတဲ့ နည်းပညာအောင်မြင်မှုပါ။ အရုပ်အရည်အသွေးလျော့ကျမသွားဘဲ အရင်မျိုးဆက်တွေထက် စွမ်းအင်အသုံးပြုမှု နည်းပါးပါတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ မသေးပါဘူး။ ဒေါ်လာ ၂၄၉၉ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ပစ္စည်းရဲ့ တန်ဖိုးကတော့ ညီမျှပါတယ်။
6
5. Mario Kart 8

Mario Kartကိုတော့ လူတိုင်းကြိုက်ကြပါတယ်။ သူဟာ အကောင်းဆုံး ဂိမ်းစက်အဆင့် ဂိမ်းတွေထဲက တစ်ခုပါ။ ဂိမ်းတန်ဖိုးက ဒေါ်လာ ၅၁.၉၉ ပါ။ အလွန်ကောင်းတဲ့ HD Graphicsနဲ့ အံ့စရာ ပြိုင်ပွဲတွေ အပြင် Multiplayerကစားနိုင်ပါတယ်။

Untitled-1

4. Sony A6000

Sonyက ပေါ့ပါးပြီး ဈေးနှုန်းသင့်တဲ့ ကင်မရာတွေကို ဆက်လက်ထုတ်လုပ်နေပါတယ်။ Sony A6000က ကျွမ်းကျင်မှု ရှိရှိ မရှိရှိ အသုံးပြုနိုင်တဲ့ မှန်ချပ်မဲ့ ကင်မရာ ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ ရုပ်ပုံအရည်အသွေး၊ ကောင်းမွန်တဲ့ အမြန်နှုန်းနဲ့ ပေါ့ပါးတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Best Buyနဲ့ Amazonတို့ကနေ ဒေါ်လာ ၄၅၀နဲ့ ရရှိနိုင်ပါတယ်။
4
3. Samsung Galaxy Note 4

Galaxy Note 4ကတော့ Samsungရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းပါ။ စမတ်ဖုန်းနဲ့ တက်ဘလက်ကြားမှာ ခေတ်စားနေတဲ့ Phabletဖြစ်ပါတယ်။ အလွန်ကြည်လင်တဲ့ ၅.၇ လက်မ Quad HD Displayတပ်ဆင်ထားပါတယ်။ စာချုပ်နဲ့ ၀ယ်ယူရင် ဒေါ်လာ ၂၉၉ ကျသင့်ပါတယ်။ အရွယ်ကြီးမားတဲ့ 3220mAh Batteryအပြင် Galaxy Noteတွေရဲ့ ဝိသေသဖြစ်တဲ့ ကညစ်တံပါရှိပါတယ်။
3
2. Microsoft Surface Pro 3

Laptopအစားထိုး အသုံးပြုနိုင်တဲ့ တက်ဘလက် ဖြစ်ပါတယ်။ လက်တော့တစ်လုံးလိုတော့ စွမ်းရည်မမြင့်ပေမယ့် အလွန်ကောင်းတဲ့ တက်ဘလက်ဖြစ်ပါတယ်။ ဒေါ်လာ ၇၉၉ တန်ကြေးရှိပြီး ပေါ့ပါးတဲ့ တက်ဘလက်ထဲမှာ စွမ်းရည်မြင့် ကွန်ပျူ တာနည်းပညာ ထည့်သွင်းထားပါတယ်။ ကီးဘုတ်လို အသုံးပြုနိုင်တဲ့ ကာဗာပါရှိပါတယ်။ အရွယ်ကြီးမားတဲ့ ၁၂ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ ကညစ်တံနဲ့ စွယ်စုံသုံးလို့ရတဲ့ Kickstandကတော့ Surface Pro 3ကို ရွေးချယ်စေမယ့် အချက်တွေပါပဲ။
2
1. Apple iPhone 6

iPhone 6ကတော့ ဒီနှစ်ထဲမှာ အကောင်းဆုံးနည်းပညာ ထုတ်ကုန်ပါပဲ။ ၄.၇ လက်မအရွယ် မျက်နှာပြင်က စမတ်ဖုန်းအတွက် သင့်တော်ပါတယ်။ သူ့ထက် အရွယ်ကြီးတဲ့ ၅.၅ လက်မ iPhone 6 Plusကတော့ ဖက်ဘလက်ကြိုက်သူတွေအတွက်ပါ။ iPhone 6 Plusဟာ ဒီဇိုင်းလှပပြီး ကောင်းမွန်တဲ့ ကင်မရာပါရှိပါတယ်။ အဲဒါအပြင် အခြား စမတ်ဖုန်းတွေရဲ့ အထက်မှာ ရောက်ရှိစေတာက အသုံးပြုရလွယ်တဲ့ စွမ်းဆောင်ချက်တွေပါ။ စွမ်းဆောင်ချက်များစွာ ပါရှိတဲ့ iOS 8ထည့်သွင်းထားပါတယ်။ အကောင်းဆုံး ကတော့ မိုဘိုင်းငွေပေးချေမှုအတွက် သက်တောင့်သက်သာရှိပြီး ဆန်းသစ်တဲ့ ပလက်ဖောင်းဖြစ်တဲ့ Apple Payဖြစ်ပါတယ်။ စာချုပ်နဲ့ ၀ယ်ယူရင် ဒေါ်လာ ၁၉၉ ကျသင့်ပါတယ်။
1

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *