Featured, Mobile, News, Review, Tablets

၂၀၁၅ မှာ တွေ့ရမယ့် စမတ်ဖုန်း တီထွင်ဆန်းသစ်မှု ငါးခု

၂၀၁၅ မှာ တွေ့ရမယ့် စမတ်ဖုန်ုး တီထွန်ဆန်းသစ်မှု ငါးခု

ခင်ဗျားအိတ်ကပ်ထဲမှာ ရှိတဲ့ စမတ်ဖုန်းအသစ်က အလွန်ကောင်းတယ်လို့ ထင်နေလား? လာမယ့် လအနည်းငယ်မှာပဲ ခင်ဗျား စမတ်ဖုန်းအသစ်ဟာ ဒိတ်အောက်သွားတော့မှာပါ။ ၂၀၁၅ ခုနှစ် အစောပိုင်းမှာပဲ Qualcommရဲ့ Snapdragon 810 Chipဟာ အရောင်းဆိုင်တွေပေါ်ရောက်တော့မှာ ဖြစ်ပြီး မိုဘိုင်းကိရိယာမျိုးဆက်သစ်တွေမှာ အတွေ့အကြုံသစ်တွေ အားလုံးကို ပံ့ပိုးပေးတော့မှာပါ။

Qualcomm Snapdragon Processorsတွေဟာ iPhone, Android, Windows Phone, BlackBerryတို့သာမကဘဲ ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် ဖုန်းအားလုံးကို မောင်းနှင်ပေးနေပါတယ်။ စွမ်းဆောင်ရည်မြင့်ပဲဖြစ်ဖြစ် ၊ စွမ်းဆောင်ရည်သင့်ပဲဖြစ်ဖြစ် Snapdragon ကိုသာ အသုံးပြုနေကြပါတယ်။

စမတ်ဖုန်းနဲ့ တက်ဘလက်ရဲ့ Processorဟာ အဓိက ကျောရိုးပဲဖြစ်ပါတယ်။ Appတိုင်း၊ Push Notificationတိုင်းနဲ့ Pixelတိုင်းကို CPUက ထိန်းကျောင်းနေတာပါ။ (ဂရစ်ဖစ်တွေကိုတော့ တစ်ခါတစ်လေမှာ သီးခြား GPUက ထိန်းကျောင်းပါတယ်။) ပိုမိုမြင့်မားတဲ့ တွက်ချက်မှုစွမ်းရည်ဟာ ပိုကောင်းတဲ့ အရည်အသွေးကို ပေးပါတယ်။ Qualcommရဲ့ အခုဈေးကွက်ထဲက အကောင်းဆုံးဖြစ်တဲ့ Snapdragon 805ဟာ Samsung Gear VRမှာဆိုရင် အတုအယောင်ပုံရိပ်များကို အစစ်အမှန်လို့ ထင်ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Snapdragon 810ကတော့ ဒီထက်တောင်စွမ်းအုံးမှာပါ။ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ Qualcommက သူ့ရဲ့ Processorအသစ်ဟာ နောက်နှစ်မှာ ထုတ်လုပ်မယ့်ဖုန်းတွေမှာ ဘယ်လို စွမ်းရည်တွေ ပေးမလဲဆိုတာ သရုပ်ပြသွားပါတယ်။

1. 4K Video

LG G3လို စမတ်ဖုန်းတွေမှာ လိုအပ်တာထက် ပိုများတဲ့ Pixelတွေပါတဲ့ Quad HD (2560×1440) Displayတပ်ဆင်ထားတာပါ။ ဒါပေမယ့် နောက်ထွက်မယ့် စမတ်ဖုန်းတွေမှာ 4K Videoတွေကိုတောင် ပြသပေးနိုင်မှာပါ။ Snapdragon 810ထည့်သွင်း ထားတဲ့ စမတ်ဖုန်းဟာ ခလုတ်အနည်းငယ်နှိပ်ရုံနဲ့ 4K Video ( 4096×2160) ကို တီဗီသို့ ကြိုးမဲ့နည်းနဲ့ ထုတ်လွှင့် ပေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါကို လက်ခံဖမ်းယူပေးမယ့် တီဗီ ဒါမှမဟုတ် ကိရိယာကိုတော့ လိုအပ်ပါသေးတယ်။ အဲဒါကိုလည်း တီထွင်နေပါပြီ။

4K Videoတွေကို ဘယ်ကနေ ရမှာလဲဆိုတာ မေးစရာရှိပါတယ်။ Qualcommကတော့ ဒါကို လူတွေကိုယ်တိုင်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ အကြောင်းပြချက်ကောင်းကောင်းတွေလည်း ရှိနေပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတော်တော် များများဟာ 4K Videoတွေကို ရိုက်ကူးနိုင်ပါတယ်။ (သူ့မှာ 8 Megapixel Cameraလိုအပ်ပါတယ်။) Qualcommရဲ့ တွက်ချက်မှုအရ ၂၀၁၈ ခုနှစ်မှာ 4Kရိုက်ကူးနိုင်တဲ့ Deviceသန်းငါးရာ အထိရှိလာမှာပါ။ အဲလို အရွယ်ကြီးမားတဲ့ 4K Videoတွေကို ကိုယ်တွယ်ဖို့လည်း ဂေဟစနစ်လိုအပ်လာမှာပါ။ သေချာပါတယ်။ 810က ဒါကို ကိုင်တွယ်မှာပါ။
1
2. ကင်မရာရဲ့ စွမ်းရည်တွေ ပိုမိုကောင်းလာမယ်။

Core Photonicsက တီထွင်တဲ့ စမတ်ဖုန်း ကင်မရာအသစ်တစ်လုံး ပေါ်ထွက်လာပါတယ်။ တကယ်တော့ ကင်မရာက နှစ်လုံးပါ။ တစ်လုံးက သာမာန် Wide-Angleဖြစ်ပြီး နောက်တစ်လုံးက ပုံရိပ်ကို သုံးဆချဲ့ကြည့်နိုင်တဲ့ Lensပါ။ Qualcomm Chipမှ အလွန်မြင့်မားတဲ့ တွက်ချက်မှုစွမ်းရည်ကို အသုံးပြုခြင်းဖြင့် ပုံရိပ်နှစ်ခုကို ပေါင်းစပ် အသုံးပြုပြီး ဓါတ်ပုံတစ်ပုံကို ဖန်တီးနိုင်မှာပါ။ အဲဒီ ဓါတ်ပုံဟာ နိမ့်ပါးတဲ့ Zoom Levelsမှာ DSLRတွေ ဖမ်းယူနိုင်တာထက် ပိုကောင်းတယ်လို့ Core Photonicsက ပြောပါတယ်။

ကင်မရာရဲ့ တိုက်ရိုက်သရုပ်ပြမှုကို ကြည့်ကြည့်တဲ့အခါမှာ Zoomကို ရှစ်ဆအကြီးချဲ့ထားပြီး ကင်မရာချိန်ရွယ်ထားတဲ့ အလွန်သေးငယ်တဲ့ ကာတွန်းက စာသားတွေကိုတောင် ဖတ်လို့ ရတာကိုတွေ့ရပါတယ်။ Photonicsရဲ့ ကင်မရာနဲ့ ဘေးချင်းယှဉ်ထားတဲ့ ကင်မရာက ရိုက်ကူးထားတဲ့ ဓါတ်ပုံမှာတော့ စာသားတွေဟာ မှုန်ဝါးနေပါတယ်။
2
3. တည်နေရာ အခြေပြု အသံဖမ်းယူမှု

ဖုန်းတွေကနေ ဗီဒီယိုရိုက်ကူးရာမှာ ပြဿနာအကြီးကြီးတစ်ခုရှိပါတယ်။ အဲဒါက အသံအရည်အသွေးပါ။ Chipအသစ်နဲ့ ဆိုရင် တည်နေရာအခြေပြု အသံဖမ်းယူမှုတွေ ပြုလုပ်နိုင်မှာပါ။ သဘောကတော့ သင် ဗီဒီယိုရိုက်ကူးနေတဲ့ လူရဲ့ အသံကိုပဲဖမ်းယူနိုင်မှာဖြစ်ပြီး အခြားဘေးပတ်၀န်းကျင်က အသံတွေကို ဖယ်ရှားပေးမှာပါ။
3
4. အိမ်သုံး ပီစီလို အသုံးပြုနိုင်မယ်

ဒီလိုတွက်ချက်မှု စွမ်းရည်တွေနဲ့ဆိုရင် စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို မော်နီတာ၊ ကီးဘုတ်တို့နဲ့ ကြိုးမဲ့ဆက်သွယ်ပြီး အိမ်သုံးပီစီလို အသုံးပြုနိုင်မှာပါ။ Chromecastထက် သိပ်မကြီးတဲ့ ကိရိယာလေးတစ်ခုနဲ့ တွဲဖက် အသုံးပြုရင် Qualcommမောင်းနှင်တဲ့ တက်ဘလက်ဟာ 802.11ad(aka WiGig)လို့ ခေါ်တဲ့ နောက်မျိုးဆက် WiFiဆက်သွယ်မှုမှတဆင့် အိမ်သုံးပီစီလို မော်နီတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

Snapdragon 810ဟာ လက်ရှိ 802.11acစံနှုန်းရဲ့ အမြန်နှုန်းထက် ငါးဆပိုမြန်လာမယ့် 802.11adကို ထောက်ပံ့နိုင်တဲ့ ပထမဆုံး Qualcomm Chipဖြစ်လာမှာပါ။ Hardwareအားလုံးကိုတော့ အသစ်လိုအပ်ပေမယ့် 4Kနဲ့ အခြားကိစ္စတွေအတွက်တော့ ကောင်းမွန်ပါတယ်။
4
5. ဂိမ်းစက်လို ကစားနိုင်မယ်

နောက်ဆုံးအနေနဲ့ Snapdragon 810မောင်းနှင်တဲ့ ဖုန်း၊ တက်ဘလက်ဟာ Game Consoleတွေနေရာကို အစားထိုး နိုင်တော့မှာပါ။ Androidဟာ အလုံးစုံပြည့်စုံတဲ့ ဂိမ်းပလက်ဖောင်းတစ်ခုဖြစ်လာဖို့ အခက်အခဲများရှိနေပေမယ့် နောက်နှစ်မှာ တော့ ဂိမ်းကစားဖို့ အလွန်ကောင်းလာတော့မှာပါ။ မော်နီတာတွေနဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်ပြီး မျက်နှာပြင်ကြီးများမှာ ဂိမ်းကစားနိုင်မှာပါ။
5
အထက်မှာ ဖော်ပြထားတဲ့ စွမ်းရည်တွေက အခုတော့ သရုပ်ပြ အဆင့်ပဲရှိပါသေးတယ်။ ထုတ်လုပ်သူတွေက အကောင်အထည် ဖော်တော့မလားဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့်သူတို့ တကယ်လုပ်တော့မှာပါ။ နောက်ထွက်မယ့်စမတ်ဖုန်းတွေဟာ အခုထက်ပိုပြီး ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ် လူနေမှုဘ၀တွေမှာ အဓိက နေရာကနေ ပါ၀င်တော့မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *