Featured, Gadgets, News, Review

ဗြိတိန် ရဲများမှာ Google Glass, Smart နာရီနဲ့ စက်ရုပ်ကိုယ်ထည်များ တပ်ဆင်ပေးတော့မည်

ဗြိတိန် ရဲများမှာ Google Glass, Smart နာရီနဲ့ စက်ရုပ်ကိုယ်ထည်များ တပ်ဆင်ပေးတော့မည်

ဗြိတိန်မှ ရဲအရာရှိများမှာ ဒစ်ဂျစ်တယ် မျက်မှန်၊ ကွန်ပျူ တာနာရီနဲ့ စက်ရုပ်ကိုယ်ထည်များ တပ်ဆင်ပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက ခေတ်ပေါ်နည်းပညာတွေဟာ ရဲများအတွက် နိုင်ငံ့လုံခြုံရေးနဲ့ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ရာမှာ အကျိုးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။

အသုံးပြုဖို့ စဉ်းစားထားတဲ့ ကိရိယာတွေထဲမှာ ကိုယ်အနှံ့မှာ တပ်ဆင်ထားမယ့် ကင်မရာတွေနဲ့ တီထွင်သူအတွက် နိုဘယ်ဆု ရရှိစေခဲ့တဲ့ အလွန်ပေါ့ပါးတဲ့ ကျဉ်ကာ၀တ်စုံတွေပါ၀င်ပါတယ်။ Google Glassလို မျက်မှန်ဟာ ရဲတွေအချင်းချင်း ဆက်သွယ် နိုင်ပြီး အရေးပေါ် ၉၉၉ ဖုန်းများကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာဇ၀တ်သားတွေ ထွက်ပြေးဖွယ်ရှိတဲ့ လမ်းကြောင်း တွေကို Google Mapမှာ ကြည့်နိုင်မှာပါ။

ကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေက သံသယရှိသူများကို ဖော်ထုတ်ရာမှာ ကူညီပေးနိုင်ပါတယ်။ အမြန်ပြေးနိုင်ပြီး အချိန်အကြာကြီး လမ်းလျှောက်နိုင်အောင် အမေရိကန် စစ်တပ်က တီထွင်ထားတဲ့ စက်ရုပ်ကိုယ်ထည်တွေကိုလည်း ဗြိတိန်ရဲတွေ အသုံးပြုရဖို့ ရှိနေပါတယ်။ အမေရိကန် စစ်တပ်က တီထွင်တဲ့ စက်ရုပ်၀တ်စုံ အမျိုးအစားတစ်ခုဟာ ဘက်ထရီတစ်ခါ အားသွင်း ထားရုံနဲ့ ၁၂ မိုင်ခရီးကို ပေါင်နှစ်ရာ သယ်ဆောင်သွားနိုင်ပါတယ်။ ဒါ့အပြင် တစ်နာရီလျှင် ခုနစ်မိုင်နှုန်းနဲ့ ပြေးနိုင်မှာ ဖြစ်ပြီး Burst Modeက ဆယ်မိုင်နှုန်းအထိ အချိန်တိုအတွက် အသုံးပြုနိုင်ပါတယ်။

အဆင့်မြင့်နည်းပညာတွေ အသုံးပြုမယ့် အဲဒီအစီအစဉ်ကို အစိုးရက သိပ္ပံပညာရှင်တွေအနေနဲ့ ရဲအရာရှိများမှာ တပ်ဆင်မယ့် ကိရိယာတွေကို တီထွင်မယ့် Security and Innovation Centre ကို ကြေညာခဲ့တဲ့အချိန်မှာ ပြောပြခဲ့တာပါ။ နောက်လကစပြီး စင်တာမှာ ဒစ်ဂျစ်တယ် ရဲအရာရှိတွေကို တီထွင်တော့မှာပါလို့ အစိုးရက ကြေညာပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းများကို အာရုံခံနိုင်တဲ့ ကိရိယာတွေကိုလည်း တီထွင်နေပြီး ရာဇ၀တ်သားများအနေနဲ့ အင်တာနက်မှာ အုပ်စုဖွဲ့ လှုပ်ရှားမှုများကို စစ်ဆေးနိုင်တဲ့ နည်းလမ်းများကိုလည်း ရှာဖွေနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *