Laptops, News, Review

MSI GS60 2QC Ghost Gaming (15.6”) Slim Notebook (5th Gen New)

MSI GS60 2QC Ghost Gaming (15.6”) Slim Notebook (5th Gen New)

MSI GS60 2QC Ghost Gaming Notebook ဟာ MSI ၏ အပေါ့ပါးဆုံ နှင့် အပါးအလွှာဆုံး 15.6” Gaming Notebook အမျိုးအစားဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ 5th Gen CPU core i7 (5700HQ , 2.7GHz ကို တပ်ဆင်အသုံးပြုထားသောကြောင့် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ Memory ကို ( 8GB DDR3 1600 MHz * 2 ) 16 GB တပ်ဆင်ထားပြီး 32GB အထိ လိုအပ်သလို အမြင့်ဆုံးတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ Graphic အနေဖြင့် nVidia Geforce GTX 960M , 2GB DDR5 အမျိုးအစားကို အသုံးပြုထားသောကြောင့် Gaming Performance ကို အမြင့်ဆုံးရရှိနိုင်ပါတယ်။ 1TB HDD ပါဝင်သောကြောင့် Data သိုလှောင်မှုအပိုင်းမှာလည်း ပြောစရာမရှိလောက်အောင် လုံလောက်စေမှာ ဖြစ်ပါတယ်။ Anti-glare စနစ်အသုံးပြုထားတဲ့ 15.6” LED Display က အကောင်းဆုံးပုံထွက်တွေကို ပေးစွမ်းမှာဖြစ်ပြီး Full HD ကို Resolution (1920 x 1080) ဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ပါးလွှာပြီးပေါ့ပါးသော ဒီဇိုင်းဖြင့်ပြုလုပ်ထားသောကြောင့် သုံးစွဲသူများအကြိုက်တွေ့စေမှာဖြစ်ပါတယ်။ Steelseries Engine အမျိုးအစားနှင့် LED Backlight Multi Color Keyboard ကို အသုံးပြုထားသောကြောင့် အလင်းရောင်အားနည်းတဲ့နေရာတွင်ဖြစ်စေ၊ အမှောင်ထဲမှာဖြစ်စေ ပိုမိုပေါ်လွင်စေပြီး အသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။ Feature အသစ်ဖြစ်တဲ့ “SHIFT “ ဟာ Gaming Notebook ၏ performance နဲ့ temperature အတွင်းရှိ စနစ် ထိန်းညှိမှုကို လုံးဝထိန်းချုပ်ပေးနိုင်ပါတယ်။ ထို့အပြင် GB LAN, WLAN ၊ HD Webcam, Bluetooth 4.0 version ၊ HDMI, Display port, USB 3.0, D-Sub, eSATA တို့ပါဝင်ပါတယ်။ Battery အားဖြင့် 6cells ဖြစ်သောကြောင့် Battery Life time ကို ကြာရှည်အသုံးပြုနိုင်ပါတယ်။

MSI ၏ Gaming Feature တွေဖြစ်တဲ့ Matrix Display system (လုပ်ဆောင်ချက် ၂ မျိုးကို Monitor Display ၂ ခုပေါ်မှာ တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ စနစ်) ၊ အအေးပေးစနစ်ကို ပိုကောင်းအောင်ပြုလုပ်ထားတဲ့ Cooler Boost နည်းပညာ ၊ အသံစနစ်တွင် အသံ၏အသေးစိတ် ကြည်လင်ပြတ်သားမှု နှင့် Surround Sound system တွေကို အပြည့်အဝ ခံစားနိုင်မည့် Audio Boost နှင့် Sound Blaster Cinema System တွေ အပြင် Online ပေါ်က HD Video ၊ High Quality Audio တွေ နဲ့ Online Game တွေကို အထစ်အငေါ့မရှိပဲ အသုံးပြုနိုင်မယ့် Killer Double Shot Pro(Killer Gb LAN + Killer 802.11 a/c WiFi) နှင့် Xsplit Gamecaster နည်းပညာတွေ ပါဝင်တာကြောင့် Game ဝါသနာပါသူများအတွက်သာမက စွမ်းဆောင်ရည်အမြင့်ဆုံးကို ကြိုက်နှစ်သက်ပြီး အသုံးပြုလိုသူများအတွက်ပါ လုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်။
Price – USD 1650

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *