News

ဒေါက်တာဆိတ်ဖွားအား စုံစမ်းသိရှိ

Doctor-sait-phwer

Onlineမှ တစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များအား Is Parliament Above the Lawနှင့် Parliament speaker and His Cohorts ဟူသော ခေါင်းစဉ်များဖြင့် တိုက်ခိုက်နေသူဖြစ်သော ဒေါက်တာ ဆိတ်ဖွား အမည်ခံ လုပ်ဆောင်နေသူအား ဖော်ထုတ်သိရှိပြီ ဖြစ်ကြောင်း ဒေါက်တာ ဆိတ်ဖွားဆိုင်ရာ စုံစမ်းရေးအဖွဲ့၀င် ကိုဖုန်းမြင့်အောင်မှ ပြောပါတယ်။ သူ့ရဲ့ပြောပြချက်များအရ စုံစမ်းရေးအဖွဲ့က ဒေါက်တာ ဆိတ်ဖွားဟာ မည်သူမည်ဝါ ဖြစ်ကြောင်း သိထားပြီလို့ ပြောပါတယ်။

“ဒီအကြောင်းတွေကို လွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွားရဲ့ အကြောင်းကိုတော့ ဇွန်လကုန်ပိုင်းလောက်မှာ ကြေညာ သွားမှာပါ”ဟု ကိုဖုန်းမြင့်အောင်က ဆက်လက် ပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အဖွဲ့၀င် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့ဟာ ဒေါက်တာ ဆိတ်ဖွားအကြောင်း စုံစမ်း သိရှိနိုင်ရန်အတွက် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ သမ္မတရုံး၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးများနှင့် အချို့သော သတင်းမီဒီယာများနှင့် ပူးပေါင်း စုံစမ်းခဲ့ရကြောင်းနှင့် စုံစမ်းမှုကာလ နှစ်လအတွင်းမှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒေါက်တာ ဆိတ်ဖွားအား မည်သို့ အပြစ်ပေးသွားမည်ကို လွှတ်တော်မှသာ ဆုံးဖြတ်သွားမည် ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *