News

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများနှင့် ပတ်သက်၍ ထပ်မံ အသိပေး ကြေညာချက်

preapaid card

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့တွင် စတင် ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်း တယ်လီဖုန်း စနစ်သည် လက်ရှိ မိုဘိုင်း တယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ် (၅၀)ကျပ် ဖြစ်ပါသည်။ အ၀င်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800MHz မိုဘိုင်း တယ်လီဖုန်းကဲ့သို့ တစ်မိနစ် အသုံးပြုခ (၄)ကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခ ကျပ်(၁၀၀၀၀) ပေးသွင်း လျှောက်ထားရပါမည်။

MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်း တယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်၀ှမ်းတွင် ရေဒီယိုစခန်းပေါင်း (၂၈၂) စခန်းရှိပြီး အဆိုပါ ရေဒီယို စခန်းများ၏ နယ်နမိတ် အတွင်းမှ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယိုစခန်းများ၏ နယ်နိမိတ် အတွင်း အပြန်အလှန် ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်သွယ် ပြောဆိုနိုင်ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံ တိုးချဲ့ တည်ဆောက်လျက် ရှိပါသည်။MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်း တယ်လီဖုန်းများသည် ကြိုတင် ငွေဖြည့်ကဒ် အသုံးပြု၍ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုနိုင်ပါသည်။

ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆပ်ပါ နိုင်ငံခြားငွေသုံး ကြိုတင် ငွေဖြည့်ကဒ် (၁၀ ဒေါ်လာ, ၂၀ ဒေါ်လာ, ၅၀ ဒေါ်လာ)အား အသုံးပြုရပါမည်။ ဖော်ပြပါ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းတယ်လီဖုန်း ကြိုတင် ငွေဖြည့်ကဒ်များ ရောင်းချမည့်နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။
MECTEL CDMA-800MHz မိုဘိုင်း တယ်လီဖုန်း ကဒ်ပျောက်ဆုံးပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် ကျပ် (၂၀၀၀၀) ပေးသွင်းပြီး ပြန်လည် လျှောက်ထားရပါမည်။ MECTEL မိုဘိုင်းတယ်လီဖုန်း ကဒ်ပျက်စီးပါက ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အခမဲ့ လျှောက်ထား ရယူနိုင်ပါသည်။ MECTEL CDMA-800MHz မိုဘိုင်း တယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်းလိုပါက တယ်လီဖုန်း အမှတ် ၃၄၅၆သို့ အခမဲ့ ဆက််သွယ် မေးမြန်း စုံစမ်း နိုင်ကြောင်း အသိပေးအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *