News

မုတ်သုံအထူး ကုန်စည်ပြပွဲနှင့် ကားပြပွဲကြီး (ရန်ကုန်မန္တလေး) ကျင်းပပြုလုပ်မည်

car showroom

MONSOON YANGON EXPO & CAR SHOW ကုန်စည် ပြပွဲကြီးအား ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့မှ ၂၃ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမကြီးတွင်လည်းကောင်း၊ MONSOON MANDALAY EXPOX CAR SHOW ကုန်စည်ပြပွဲကြီးအား ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့မှ ၂၄ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော်ခန်းမကြီးတွင်လည်ကောင်း မုတ်သုံအထူးဈေးရောင်းပွဲတော်ကြီးအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း Smart Busmess Group ပြပွဲကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။

အဆိုပါ ပြပွဲကြီးတွင် ပြည်တွင်း/ပြည်ပမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ပြခန်းများ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြား မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ပြခန်းများ၊ စုစုပေါင်း ပြခန်း (၁၇၀)ကျော်ဖြင့် နံနက် ၉နာရီမှ ည ၆နာရီအထိ ပြသရောင်းချသွားမည် ဖြစ်ပြီး ပြပွဲလာပြည်သူများအားလည်း ကံစမ်းမဲများ အခမဲ့ ဝေဌသွားမည် ဖြစ်ကာ မီးပူ၊ ပန်ကာ၊ ထမင်းပေါင်းအိုး၊ ထီးနှင့် အခြား လူသုံးကုန်ပစ္စည်း အမျိုး (၁၀၀)ကျော်အား နေ့စဉ် ကံစမ်းမဲ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အထူးခြားဆုံး အစီအစဉ်အနေဖြင့် ဤပြပွဲကြီးများတွင် မော်တော်ကားတစ်စီး ဝယ်ယူလျှင် နောက်ထပ် မော်တော်ကားတစ်စီး ထပ်မံ ကံစမ်းခွင့်ရရှိမည် ဖြစ်ကာ ယနေ့နာမည်ကျော် မော်ဒယ်လ်နှင့် သရုပ်ဆောင်များမှ ကုန်ပစ္စည်း သရုပ်ပြပွဲများနှင့် အခြားစိတ်ဝင်စားဖွယ် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြပွဲလာကြည့်သူများအား အခမဲ့ ဖျော်ဖြေပြသသွားမည် ဖြစ်ပါသည်။

ဤပြပွဲကြီးသည် ကုန်ပစ္စည်း အမျိုးအစား တစ်ခုတည်းကိုသာ ရည်ညွှန်း၍ ပြသသော ပြပွဲ မဟုတ်ပဲ မိသားစု တစ်ခုလုံးအတွက် စိတ်ဝင်စား လေ့လာဝယ်ယူနိုင်သော ကုန်ပစ္စည်း စုံလင်စွာ ပြသရောင်းချမည့် အထွေထွေ လူသုံးကုန် ပစ္စည်းများ စုစည်းပြသထားရှိသည့်အပြင် မီးဖိုမှ စ၍ မော်တော်ကားအထိ ဝယ်ယူရရှိနိုင်သည့် ကုန်စည် ပြပွဲကြီး ဖြစ်သောကြောင့် မပျက်မကွက် လာရောက်လေ့လာ ဝယ်ယူသင့်သော ပြပွဲကြီးဟု ဆိုထားပါသည်။

သို့ပါ၍ ယင်းကုန်စည်ပြပွဲကြီးများတွင် ပြခန်းများ ပါဝင် ပြသ ရောင်းချလိုပါက ပြပွဲ ကျင်းပရေး ကော်မတီ SMART GROUP ဖုန်း – ၀၁-၆၅၆-၈၇၅၊ ၀၉-၇၃၀-၁၄၇-၇၇ နံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *