News

AECအတွက် အာဆီယံ နိုင်ငံများ အသင့်ပြင်

Asean Secretariat

လာမည့် ၂၀၁၅ခုနှစ်တွင် စတင် အကောင်အထည်ဖော်တော့မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC)အတွက် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြီးလုနီးပါး ဖြစ်နေကြောင်း၊ AEC အကောင်အထည်ဖော်ရေး စီမံချက် ပြင်ဆင်မှုတွင် ၈၀ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းက ၂၀၁၂-၂၀၁၃နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အတွက် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်အဖွဲ့ဝင် ခြောက်နိုင်ငံ ဖြစ်သည့် သြစတေးလျ၊ တရုတ်၊ အိနိ္ဒယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် AECကို စတင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ရာ အာဆီယံအနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် စီးပွားရေး ကောင်းမွန်သည့် ဒေသတစ်ခု ဖြစ်လာစေမည် ဖြစ်ကြောင်း၊ လီလောင်မင်းက ထပ်မံပြောကြားသည်။

အာဆီယံဒေသ၏ စီးပွားရေး ဖံွ့ဖြိုးတိုးတက်မှုမှာ ဒေသတွင်း ဝယ်လိုအားမြင့်တက်ခဲ့မှုကြောင့် ၂၀၁၁ခုနှစ်တွင် ၄ဒဿမ ၇ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ခုနှစ်တွင် ၅ဒဿမ ၆ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *