News

အင်တာနက်လိုင်းများ နှေးဦးမည်၊ တစ်လစောင့်

Internet

ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်က ဆက်ကြောင်း ချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ တစ်လခန့် နှေးကွေးနေမည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်သည်ဟု သိရသည်။ ၎င်းဖြစ်စဉ်သည် မြန်မာနိုင်ငံ အစိုးရသစ် လက်ထက်တွင် အချိန်အကြာဆုံး အင်တာနက် နှေးကွေးမှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိက ချိတ်ဆက်ထားသော ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် SEA-ME-WE3 ဆက်ကြောင်းသည် ဇူလိုင်လ ၂၂ရက်နေ့ ညနေ ၅နာရီခန့်က ချို့ယွင်းမှု
ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တယ်လီဖုန်း ဆက်သွယ်မှုများ ပြတ်တောက်သွားခြင်း မရှိစေရန်အတွက် ကုန်းတွင်း နယ်စပ် ဖြတ်ကျော်
ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *