News

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားကြီး

www.nydailynews.com

ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အမျိုးသားကြီးအဖြစ် အမေရိကန်နိုင်ငံမှ အသက် ၁၁၂နှစ်အရွယ်ရှိ ဆာလက်တီရာနိုဆန်ချက်ဇ် ဘလက်ဇ်ကွက်ဇ် ဖြစ်လာကြောင်း ဇူလိုင်လ ၂၆ရက်နေ့က ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းအမျိုးသားကြီးသည် ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ယခင်က စံချိန်တင်ထားသည့် ဂျပန်နိုင်ငံမှ အသက် ၁၁၆နှစ်အရွယ် ဂျီရိုအီမန်ကီမူရာ ပြီးခဲ့သည့် ဇွန်လ ၁၂ရက်နေ့က သေဆုံးသွားခဲ့ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီးအဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၅နှစ်အရွယ်ရှိသူ မီဆာရိုအိုကာဝါ ဖြစ်သည်။ ယခု ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ် မှတ်တမ်းဝင် အမျိုးသားကြီး ဆာလက်တီရာနိုသည် ၁၉၀၁ခုနှစ်မွေးအဖြစ် လက်ခံအတည်ပြုထားသူဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *