How-to

Website တစ်ခုဘယ်လို တည်ဆောက်မလဲ?

ဒီဆောင်းပါးကတော့ လူတိုင်း စိတ်၀င်စားမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Website တစ်ခုကို အလွယ်ကူဆုံး နည်းနဲ့ ဖန်တီးဖို့ အတွက် လမ်းညွှန်ပေးမှာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ Website တစ်ခု ဖန်တီးဖို့ စိတ်ူအားထက်သန်နေသူ ဆိုရင်တော့ အောက်ပါအချက်တွေကို သေချာ ဖတ်ပြီး လက်တွေ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၁) သင့် ကိုယ်ပိုင် Domain Name တစ်ခု ရယူပါ
ပထမဆုံး အရေးအကြီးဆုံး တစ်ချက်ကတော့ ကိုယ်ပိုင် Domain Nameတစ်ခုကို ရအောင် ယူရမှာ ဖြစ်ပါတယ်။ Domain Nameဆိုတာကတော့ သင့် Websiteကို ပေးချင်တဲ့ နာမည်ဖြစ်ပြီး ဥပမာ myanmarict.wpengine.comလို့ Domain Nameပေးလိုက်ပြီ ဆိုရင် Websiteရဲ့ နာမည်က myanmarict.wpengine.comဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Domain Nameအတွက် နှစ်စဉ်ကြေးတော့ ပေးသွင်းရပါတယ်။ ဒီနေရာမှာ သတိပြုရမှာက Domain Nameရရုံနဲ့တော့ သင် Websiteတစ်ခုကို ကိုယ်ပိုင် မရသေးသလို ကိုယ်ရေးချင်တာ၊ လုပ်ချင်တာတွေ မလုပ်နိုင်သေးပါဘူး။ သူဟာ နာမည်ပေးရုံ သက်သက်ပဲ ရှိပါသေးတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ဖို့ အတွက် ကုမ္ပဏီ နာမည်ပေးရုံ အဆင့်လောက်ပဲ ရှိပါသေးတယ်။
Domain Nameပေးတဲ့ နေရာမှာတော့ ကိုယ်လုပ်မယ့် Websiteနဲ့ လိုက်ဖက်မယ့် နာမည်ကို ရွေးချယ်ပေးရမှာ ဖြစ်ပြီး အများအမြင်မှာ အထင်မှားစေနိုင်လောက်တဲ့ နာမည်တွေ မပေးမိဖို့လည်း လိုအပ်ပါတယ်။

(၂) Domain Nameကို Registerလုပ်မယ်ဆိုရင်
သင့်မှာ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရှိမယ်ဆိုရင်တော့ Domain Nameပေးဖို့ကို သေချာ စဉ်းစားပြီးမှ ပေးသင့်ပြီး သီးသန့် ကိုယ်ပိုင် အသုံးပြုဖို့ ဆိုရင်တော့ အခက်အခဲ မရှိလှပါဘူး။
Domain Nameနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ အချက်များ – တကယ်လို့ သင်ဟာ Domain Nameကို အမြဲပြောင်းတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် Domain Nameကလည်း သင်ပြောင်းသလို အမြဲလိုက်ပြောင်းနေမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းတွေက myanmarict.wpengine.comလို့ သိထားတဲ့ Websiteကနေ နာမည်ပြောင်းလိုက်တာကြောင့် နောက်ထပ် လိပ်စာသစ် မသိတော့ရင် နောက်ပိုင်းတွေမှာ သူတို့နဲ့ ချိတ်ဆက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် Websiteအတွက် Domain Nameကို အရိုးရှင်းဆုံးနဲ့ တစ်ခါတည်း အတည်ဖြစ်အောင် ရွေးချယ်ပေးထားဖို့ လိုအပ်မှာပါ။
သင်ဟာ စီးပွားရေး လုပ်ငန်းအတွက် Websiteလုပ်မှာဆိုရင် သင့်လုပ်ငန်း နာမည်ကိုသာ Domain Nameအဖြစ် ထားပြီး သုံးစွဲလိုက်ပါ။ ဒါဟာ သင့်လုပ်ငန်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေမှာပါ။

(၃) Registerပြုလုပ်ခြင်း
Domain Nameရယူခြင်းမှာ Registerလုပ်ငန်းစဉ်ကလည်း မဖြစ်မနေပါ၀င် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ myanmarict.wpengine.comလို့ နာမည်ကို ရွေးချယ်ပြီးပြီဆိုရင် နှစ်စဉ်ကြေးအတွက် ၁၀ဒေါ်လာကနေ ၃၅ဒေါ်လာ အတွင်း ပေးဆောင်ရမှာ ဖြစ်ပြီး အဲဒီ ပေးဆောင်ရတဲ့ ငွေဟာ နှစ်စဉ်ကြေးလို့လည်း ဆိုနိုင်သလို ကိုယ့်နာမည် အတွက် မူပိုင်ကြေးလို့လည်း ပြောနိုင်ပါတယ်။ အဲဒီလို ပေးဆောင်ထားရင် တစ်နှစ်တာအတွင်း ကိုယ့်ရဲ့ Website Nameအတွက် မူပိုင်ခွင့် ရရှိမှာ ဖြစ်ပြီး နောက်နှစ်တွေမှာလည်း ပထမနှစ်က ပေးဆောင်ရသလိုမျိုး နှုန်းအတိုင်း ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ တချို့ Web Hostတွေကတော့ အခမဲ့ Websiteလုပ်ဆောင်ချက်တွေကို ခွင့်ပြုပေမယ့် အခွန်ဆောင်တဲ့ နာမည်တူ Websiteတစ်မျိုး ထွက်လာရင်တော့ ကိုယ့်Websiteက သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။

(၄) Web Design ဖန်တီးခြင်း
WYSIWYG (What You See Is What You Get) ဆိုတာကတော့ Web Editor တစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လူသုံးအများဆုံးဖြစ်နေတာကတော့ Adobe Dreamweaver CS5 ပဲဖြစ်ပါတယ်။ အဆိုပါ Web Design တွေနဲ့ ပတ်သက်တဲ့ Coding တွေကို လေ့လာချင်ရင်တော့ Internet မှာ ရှာဖွေလေ့လာနိုင်ပါတယ်။ www.w3schools.com မှာ Website Web Language တွေ တော်တော်များများကို လေ့လာနိုင်ပါတယ်။ ၀က်ဘ်ဆိုဒ် Design ဟာလည်း User တွေကို ဆွဲဆောင်တဲ့နေရာမှာ အရေးကြီးဆုံး First Impression ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ Web Site တွေကို ဖန်တီးနေတဲ့ Designer, Developer တွေအနေနဲ့ အများကြီး လေ့လာထားရမှာ ဖြစ်ပြီး အတွေ့အကြုံလည်း အများကြီးရှိထားဖို့ လိုပါတယ်။

(၅) ၀က်ဘ်ဆိုဒ်ကို စစ်ဆေးခြင်း
၀က်ဘ်ဆိုဒ်တစ်ခုကို Internet ပေါ်မလွှင့်တင်မီဖြစ်စေ၊ လွှင့်တင်ပြီး ဖြစ်စေ အဆိုပါ Website က ကောင်းကောင်း အလုပ်လုပ်လားဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးဖို့အတွက်လည်း Latest Version Browser တွေ လိုအပ်ပါသေးတယ်။ IE 9.0, Firefox, Opera, Safari နဲ့ Chrome တို့ဟာ လက်ရှိမှာတော့ လူသုံးအများဆုံး အကောင်းဆုံး Browser တွေပဲ ဖြစ်ပါတယ်။ HTML, CSS code တွေမှာ Syntax Error မဖြစ်ဖို့ဆိုတာလည်း အထူးလိုအပ်ပါတယ်။ တကယ်လို့ HTML Code တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုသိပ်မရှိသေးဘူးဆိုရင် “HTML Tidy” ကိုသုံးပြီး အမှားတွေကို ပြင်ဆင်နိုင်ပါတယ်။

(၆) အချက်အလက်များ စုဆောင်းခြင်း
တကယ်လို့ သင်ဟာ ၀က်ဘ်ဆိုဒ်ကို ပစ္စည်းရောင်းဖို့၊ marketing ဆင်းဖို့အတွက် လုပ်ထားတာဆိုရင် ကုန်ပစ္စည်းတွေ ကုမ္ပဏီတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေ စုဆောင်းထားဖို့လိုပါတယ်။ ၀က်ဘ်ဆိုဒ်ရဲ့ ၀င်ငွေတိုးတက်ဖို့ ကြော်ငြာထည့်မယ့် ကုမ္ပဏီတွေ၊ ပူးပေါင်းလုပ်ကိုင်မယ့္ ကုမ္ပဏီတွေများများ စည်းရုံးထားဖို့လည်း လိုပါတယ်။

(၇) Website ကို လူသိများအောင် ပြုလုပ်ခြင်း
အားလုံးပြီးဆုံးသွားရင်တော့ သင့္ Website ကို Google, Bing, Yahoo စတဲ့ Search Engine တွေမှာ Submit လုပ်ထားဖို့လိုပါတယ်။ ဒါပေမယ့္လည်း Website တွေဟာ တစ်ခုနဲ့ တစ်ခုဆက်စပ်နေတာဖြစ်တဲ့ အတွက် တစ်ခြား Site တွေကို ကြည့်ရင်း၊ Link တွေကို နှိပ်ရင်းနဲ့ သင့် Website ဆီကို ရောက်လာပါလိမ့်မယ်။ သင့်ဘက်က Web Design နဲ့ အစီအစဉ်တွေကို ကောင်းကောင်းလုပ်ထားပြီး User တွေ အတွက် အထောက်အကူ ဖြစ်မယ့် Data တွေထည့်ထားဖို့တော့လိုတာပေါ့။ ဒါမှလည်း User တွေက တစ်ခါရောက်ဖူးတာနဲ့ သင့္ Website ကို သတိထားမိနေမှာပဲ ဖြစ်ပါတယ်။
တကယ်တမ်းတော့ အထက်ကအချက်အလက်တွေက လုံး၀ပြီးပြည့်စုံတာမဟုတ်ပါဘူး။ ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေကို ဖတ်ရှုချင်ရင် www.thesitewizard.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဒါပေမယ့္လို့တော့ ယခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ Website တစ်ခုကို Internet ပေါ်တင်ဖို့အတွက် Guideline ပြသပေးခဲ့တာပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Website တစ်ခုဘယ်လို တည်ဆောက်မလဲ?

  1. Vvvve says:

    ငါဘယ်လိုစရေးရမာလဲ

Leave a Reply

Your email address will not be published. Required fields are marked *