News

ကမ္ဘာတွင် ငတ်မွတ်ခေါင်းပါးမှု ၂၀၁၅အတွင်း ထက်ဝက်လျော့ကျမည်

world famine

စီးပွားရေးအကြပ်အတည်းများနှင့် အလှုငွေများ လျော့ပါးနေသော်ငြားလည်း ထောင်စုနှစ် ဖံွ့ဖြိုးရေး ရည်မှန်းချက်များတွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေးတွင် ၁၉၉၀ပြည့်နှစ်မှ ၂၀၁၅ခုနှစ်အတွင်း ထက်ဝက် လျှော့ချနိုင်ခဲ့ကြောင်း ကုလသမဂ္ဂအစီအရင်ခံစာတွင် ဖော်ပြထားသည်ဟုသိရသည်။ လွန်ခဲ့သော ၁၃နှစ်က ကမ္ဘာ့ခေါင်းဆောင်များသည် ကမ္ဘာပေါ်တွင် AIDS ပျံ့နှံ့မှု လျှော့ချရေး၊ ပညာရေး တိုးတက်ဖံွ့ဖြိုးရေး ကျား/မ သာတူညီမျှရှိရေး ကလေးကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် တည်ငြိမ်ရေး စသည်တို့အတွက် ရည်မှန်းချက်များ ရေးဆွဲခဲ့ကြသည်။

တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁ဒဿမ ၂၅ဒေါ်လာ ဝင်ငွေနှင့် စားသောက်နေထိုင်မှုအား အလွန်အမင်း ဆင်းရဲနွမ်းပါးမှုအဖြစ် သတ်မှတ်ထားပြီး လူဦးရေ ထက်ဝက်လျှော့ချရေး ရည်မှန်းချက်သည် သတ်မှတ်ကာလ ၂၀၁၅ခုနှစ်ထက် ငါးနှစ်စောပြီး၊ ၂၀၁၀ပြည့်နှစ်တွင် ပြည့်မီခဲ့ကြောင်း သိရသည်။

ယနေ့ကမ္ဘာပေါ်တွင် လူရှစ်ဦးလျှင် တစ်ဦးမှာ အလွန်အမင်း အာဟာရ ချို့ယွင်းနေဆဲ ရှိနေပြီး အသက်ငါးနှစ်အောက်ကလေး သန်း ၁၀၀ကျော်မှာ ကိုယ်အလေးချိန် မပြည့်ကြောင်းလည်း သိရပါသည်။ အစာရေစာ ဝဝလင်လင် မစားရသော လူဦးရေမှာ ကမ္ဘာပေါ်တွင် ၁၉၉၀မှ ၁၉၉၂ခုနှစ်အထိ ၂၃ဒဿမ ၉ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ ၁၉၉၀ပြည့်နှစ်နှင့် ယှဉ်လျှင် အသက်ငါးနှစ်အောက် အစာရေစာ ဝလင်အောင် မစားခဲ့ကြရသော ကလေးဦးရေမှာ ၅၉သန်း လျော့လျော့ ရှိသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “ကမ္ဘာတွင် ငတ်မွတ်ခေါင်းပါးမှု ၂၀၁၅အတွင်း ထက်ဝက်လျော့ကျမည်

  1. Myo Thiha says:

    It look fishy.That good idea but really we need to flow and success for it.

  2. thwethweaye says:

    မြန်မာနိုင်ငံအတွက် ငတ်မွတ်ခေါင်းပါးနေသောလူဦးရေစာရင်းကို သတင်းရေးတင်လိုက်ရင် ပိုကောင်းမယ်ထင်တယ်

  3. sithusoepaing says:

    လိုအပ်နေသူတွေကိုတတ်နိုင်သလောက်ဖေးမကူညီပေးကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *