News

နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု FEC ငွေဖြည့်ကတ် မလိုတော့

Oversea phone call

GSMနှင့် WCDMA (3G)ဖုန်းများတွင် ဇူလိုင်လ ၁ရက်နေ့မှစ၍ FEC ငွေဖြည့်ကတ် သီးသန့်ထည့်ရန် မလိုတော့ပဲ နိုင်ငံခြားသို့ မြန်မာကျပ်ငွေဖြင့် တိုက်ရိုက် ခေါ်ဆိုနိုင် မည်ဖြစ်ပြီး နိုင်ငံ အလိုက် ခေါ်ဆိုမှု နှုန်းထားများကို လက်ရှိ ဒေါ်လာ ပေါက်ဈေးအတိုင်း သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းခေါ်ဆိုခနှုန်းထားများကို နိုင်ငံအလိုက် လေးမျိုးသတ်မှတ်ထားပြီး နိုင်ငံအများစုအတွက် နှုန်းထားမှာ တစ်မိနစ်လျှင် သုည ဒဿမ ၉ဒေါ်လာဖြစ်ကာ အင်္ဂလန်၊ ချီလီ၊ အိနိ္ဒယ၊ ဒိုမီနီကန် နိုင်ငံများအတွက် ၁ဒဿမ ၅ဒေါ်လာ၊ အာရေဗီးယား၊ နိုင်ငံအတွက် သုံးဒေါ်လာ၊ အိနိ္ဒယ (Ocean Ragion)များအတွက် ၃ဒဿမ ၇ဒေါ်လာဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး၏ ကောလ်စင်တာ ဝန်ဆောင်မှုထံမှ သိရသည်။

ခေါ်ဆိုခနှုန်းထားများ ကောက်ခံရာတွင် မြန်မာကျပ်ငွေနှုန်းဖြင့် ကောက်ခံမည်မဟုတ်ပဲ ဒေါ်လာပေါက် ဈေးနှုန်းအပေါ် အခြေခံ၍ တွက်ချက် ကောက်ခံမည် ဖြစ်သည်။ ယခင်က နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရန်အတွက် FEC 10,20,30တန် ငွေဖြည့်ကတ်များ ဝယ်ယူအသုံးပြုရပြီး ယင်း FECကတ်များတွင် ငွေလက်ကျန်ရှိသူများ အနေဖြင့် ဆက်လက် အသုံးပြုနိုင်ကြောင်း၊ နိုင်ငံခြားသို့ မြန်မာကျပ်ငွေဖြင့် ခေါ်ဆိုမှုကို GSMနှင့် WCDMA (3G) ဖုန်းများအတွက်သာ ပြောင်းလဲခြင်း ဖြစ်ပြီး၊ CDMA 800နှင့် 450ဖုန်းများတွင် မပြောင်းသေးကြောင်း မကြာမီ ထပ်မံပြောင်းလဲမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု FEC ငွေဖြည့်ကတ် မလိုတော့

  1. Myo Thiha says:

    we never use FEC again.Just we can be calling to oversea with myanmar kyats.Do you know?Otherwise , we can be calling with viber to oversea too….So , Which one cost reduce for bill system?I choose viber only.

  2. thwethweaye says:

    အရမ်း အရမ်းကောင်းတဲ့အစီအစဉ်တစ်ခုပါဘဲ…:)

Leave a Reply

Your email address will not be published. Required fields are marked *