News

ကားနံပါတ်ပြားများကို အင်္ဂလိပ် အက္ခရာဖြင့် ပြောင်းမည်

car market

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မော်တော်ယာဉ်များ၏ နံပါတ်ပြားများကို မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ ယခုလအတွင်း အသစ်တင်သွင်းလာသော မော်တော်ယာဉ်များကို အင်္ဂလိပ်အက္ခရာများအဖြစ် စတင် ပြောင်းလဲသွားမည် ဖြစ်ပြီး လက်ရှိမော်တော်ယာဉ် နံပါတ်ပြားများကို ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုးသည့်အခါ ပထမအဆင့်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရောင်ပြန် စတစ်ကာများ တပ်ဆင်ပြီး၊ နောက်ပိုင်းတွင် အင်္ဂလိပ်အက္ခရာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ မော်တော်ယာဉ်များရှိ အက္ခရာများကို ပြောင်းလဲလိုက်ခြင်းမှာ နိုင်ငံတကာ အဆင့်မီစေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို လုံခြုံရေးကင်မရာ (CCTV)မှတစ်ဆင့် အရေးယူနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှ အသစ်တင်သွင်းလာသည့် ကားများကို ၄စ/၈၀၀၀မှ စတင်ကာ ပေးသွားမည်ဖြစ်ပြီး ယင်းကို အင်္ဂလိပ်အက္ခရာဖြစ်သည့် 4F/8000အဖြစ် စတင်ပြောင်းလဲသွားမည််ဖြစ်ကြောင်း၊ လောလောဆယ် အသုံးပြုလျက်ရှိသော မော်တော်ယာဉ်နံပါတ်ပြားများကို အလွယ်တကူ ခွဲခြားသိရှိနိုင်ရန်အတွက် ဇူလိုင်လ ၈ရက်နေ့မှ စတင်ကာ အဆိုပါ နံပါတ်ပြားများပေါ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အတိုကောက် စာလုံးသငေ်္ကတများကို ရောင်ပြန်စတစ်ကာများဖြင့် ယာယီကပ်ပေးသွားမည်ဖြစ်ကြောင်း၊ စတစ်ကာ သငေ်္ကတများအဖြစ် ကချင်ပြည်နယ်ကို (KCN)၊ ကယားပြည်နယ် (KYH)၊ ကရင်ပြည်နယ် (KYN)၊ ချင်းပြည်နယ် (CHN)၊ စစ်ကိုင်းတိုင်း (SCG)၊ တနင်္သာရီတိုင်း၊ (TNI)၊ ပဲခူးတိုင်း (BGO)၊ မကွေးတိုင်း (MGY)၊ မန္တလေးတိုင်း (MDY)၊ မွန်ပြည်နယ် (MON)၊ ရခိုင်ပြည်နယ် (RKE)၊ ရန်ကုန်တိုင်း (YGN)၊ ရှမ်းပြည်နယ် (SHN)၊ ဧရာဝတီတိုင်း (AYY)ဟူ၍ သတ်မှတ်ပေးထားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “ကားနံပါတ်ပြားများကို အင်္ဂလိပ် အက္ခရာဖြင့် ပြောင်းမည်

  1. Myo Thiha says:

    Early ,It should be for english numbers.Great!

  2. sithusoepaing says:

    foreigners အတွက်တော့ကောင်းတာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *