News

ပထမဆုံးအကြိမ် ကလေးပန်းချီနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်

Kids Painting

Royal Link Events Management Servicesမှ ကြီးမှူးကျင်းပမည့် ပထမဆုံးအကြိမ် ကလေးပန်းချီနှင့်ဆေးရောင်ခြယ် ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ဇူလိုင်လ ၂၅ရက်နေ့ နောက်ဆုံးထား၍ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ဆေးရောင်ခြယ် ပြိုင်ပွဲကို မူကြိုမှ ဒုတိယတန်းအထိ သတ်မှတ်ထားပြီး ပန်းချီပြိုင်ပွဲကို တတိယတန်းမှ သတ္တမတန်းအထိ သတ်မှတ်ထားကြောင်း၊ ပြိုင်ပွဲဝင် လျှောက်လွှာများကို ကျပ် ၁၀၀၀ဖြင့် TTL Myanmar Video Production & Distribution အမှတ် ၃၅၊ သံတံတားလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်၌ ဝယ်ယူ လျှောက်ထားနိုင်ပြီး လူဦးရေ ကန့်သတ်ထားကြောင်း သိရသည်။

အဆိုပါ ပွဲစီစဉ်သူ ဒေါ်နန်းသင်းဆွေက “ဒီလိုမျိုး ကလေးတွေအတွက် ပန်းချီနဲ့ ဆေးရောင်ခြယ်ပြိုင်ပွဲကို တွဲလုပ်ဖြစ်တာ ပထမဆုံးအကြိမ်ပါ။ ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၂၈ရက်နေ့ MICT Parkမှာ ကျင်းပပြီး အဲဒီနေ့မှာပဲ တစ်ခါတည်း ဆုတွေ ပေးသွားမှာပါ”ဟု ပြောသည်။ ၎င်းပြိုင်ပွဲတွင် ဆေးရောင်ခြယ်ပြိုင်ပွဲအတွက် မိုးရာသီနှင့် ပတ်သက်သည့် ရုပ်ပုံကို A4 အရွယ်အစား ပေးထား၍ ပြိုင်ပွဲဝင်များမှ ရောင်စုံခဲတံ (သို့မဟုတ်) ဖယောင်း ရောင်စုံနှစ်သက်ရာ အသုံးပြု၍ ယှဉ်ပြိုင်နိုင်ပြီး ဆေးရောင်ခြယ် ပြိုင်ပွဲအတွက် အချိန်တစ်နာရီခွဲ သတ်မှတ်ထားကာ ပန်းချီပြိုင်ပွဲအတွက် “မိုးရာသီအလှ”နှင့် “ကျောင်းဖွင့်ချိန်”ဟူ၍ ခေါင်းစဉ်နှစ်ခုထဲမှ မိမိတို့ မဲကျသည့် ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး၊ ပန်းချီပြိုင်ပွဲအတွက် အချိန်သုံးနာရီ သတ်မှတ်ထားကြောင်း၊ ကလေးများအတွက် မိုးရာသီအမှတ်တရ ကျင်းပသည့် ပွဲဖြစ်ပြီး Level အလိုက် ဆု ၁၆ဆု ချီးမြှင့်ပေးသွားမည် ဖြစ်ကာ ဒိုင်များအဖြစ် ယဉ်ကျေးမှု တက္ကသိုလ်မှ ပန်းချီကျောင်းဆင်းဆရာမများ၊ မူကြိုကျောင်းများမှ ဆရာများက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *