News

ဗြိတိန်တော်ဝင် မင်းသားလေးရဲ့ ဖွားဘက်တော်

Penelope cruz

အော်စကာဆုရ စပိန်သရုပ်ဆောင် ပင်နီလုခရုဇ်နှင့် သရုပ်ဆောင် ဇာဗီယာဘာဒင်တို့၏ ဒုတိယမြောက် ရင်သွေးငယ်ကို ကိတ်မစ်ဒယ်တန် မီးဖွားသည့် ဇူလိုင်လ ၂၂ရက်နေ့တွင်ပင် မွေးဖွားခဲ့ကြောင်း စပိန်မီဒီယာများက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“ဆေးရုံကို ဇူလိုင် ၂၂ရက်မှာ တက်ရောက်ခဲ့ပြီး အဲဒီနေ့မှာပဲ မိန်းကလေး မွေးဖွားခဲ့ပါတယ်”ဟု မက်ဒရစ်ရှိ Ruber ဆေးရုံမှ အမည်မဖော်သည့် သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်ဟု ဆိုသည်။ ကိန်းဘရစ်ဂျ် မြို့စားကတော် ကိတ်မစ်ဒယ်တန်က ဗြိတိန်ထီးနန်း၏ တတိယမြောက် နန်းလျာရင်သွေးငယ်ကို မွေးဖွားအပြီး နာရီအနည်းငယ်အကြာတွင် ခရုဇ်က သမီးလေးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု စပိန်နိုင်ငံထုတ် Hola! အနုပညာ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ အသက် ၃၉နှစ်အရွယ်ရှိ ခရုဇ်နှင့် အသက် ၄၄နှစ်အရွယ်ရှိ ဘာဒင်တို့သည် ၂၀၁၀ပြည့်နှစ်တွင် လက်ထပ်ခဲ့ပြီး ၂၀၁၁ခုနှစ်က သားဦးလေးကို လော့စ်အိန်ဂျလိစ်၌ မွေးဖွားခဲ့သည်ဟု သိရသည်။

Ref : Daily Eleven

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *