News

လေယာဉ်မယ်တစ်ဦးရဲ့ ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက်

ဒီအဖြစ်အပျက်လေးက ဘရာဇီးနိုင်ငံက အကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ TAM Airline မှာဖြစ်ခဲ့တာပါ။

တစ်နေ့မှာ အသက် ၅၀ လောက်ရှိတဲ့ လူဖြူမိန်းမ တစ်ယောက်ဟာ သူ့ရဲ့ ထိုင်ခုံမှာ ၀င်ထိုင်ဖို့လုပ်တော့ သူရတဲ့ထိုင်ခုံက လူမည်းတစ်ယောက်ဘေးမှာ ဖြစ်နေတာကို တွေ့လိုက်တယ်။ သူလည်း လေယာဉ်မယ်ကို ချက်ချင်းခေါ်လိုက်တာပေါ့။

လေယာဉ်မယ်က ရောက်လာပြီး ဘာဖြစ်လို့လည်းလို့မေးတော့ သူ့ကို လူမည်းတစ်ယောက်ဘေးမှာ နေရာပေးထားတာ မမြင်ဘူးလားပေါ့ ပြီးတော့ လူမည်းနဲ့ အတူမထိုင်နိုင်တဲ့အတွက် သူ့ကိုနေရာပြောင်းပေးဖို့ တောင်းဆိုပါတယ်။

လေယာဉ်မယ်ကလည်း စိတ်အေးအေးထားပါပေါ့။ ထိုင်ခုံလွတ်တွေကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် တစ်နေရာလောက် ရနိုင်မလားလို့ ပြန်စစ်ပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။

ခဏနေတော့ လေယာဉ်မယ် ပြန်ရောက်လာပြီး ရိုးရိုးတန်းမှာ ထိုင်ခုံလွတ် မရှိတော့တဲ့ အကြောင်းပြောပါတယ်။ Captain ဆီကလည်း ရိုးရိုတန်းမှာ ထိုင်ခုံလွတ် မရှိတော့တဲ့အကြောင်း အတည်ပြုချက်ယူပြီးပါပြီ။ ပထမတန်းမှာပဲ ထိုင်ခုံလွတ်တွေ ကျန်တော့တယ်လို့ ပြောပါတယ်။

လူဖြူမကြီး ဘာမှထပ် မပြောခင် လေယာဉ်မယ်ကပဲ ဆက်ပြောပါတယ်။ သူတို့ company အနေနဲ့ ခရီးသည်တစ်ဦးကို ရိုးရိုးတန်းကနေ ပထမတန်းကို ပြောင်းပေးရိုးထုံးစံ မရှိပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေအရ ခရီးသည်တစ်ဦးရဲ့ ခံစားချက်ကြောင့် သူ့ဘေးမှာရှိတဲ့လူကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ လေယာဉ်မယ်လည်း လူမည်းဘက်ကိုလှည့်ပြီး ပြောလိုက်ပါတယ်။ လူကြီးမင်းရဲ့ ပစ္စည်းတွေကို သိမ်းဆည်းလိုက်မယ်ဆိုရင် ကျမတို့ လေကြောင်းလိုင်းက လူကြီးမင်းကို ပထမတန်းမှာ ပြောင်းစီးဖို့ ဖိတ်ခေါ်ပါရစေဆိုပြီး ပြောလိုက်ပါတယ်။

ပတ်၀န်းကျင်မှာရှိတဲ့ အဖြစ်အပျက် အစအဆုံးကို မြင်လိုက်၊ ကြားလိုက်ရတဲ့ ခရီးသည်တွေအားလုံးလည်း လေယာဉ်မယ်ရဲ့ ဆုံးဖြတ်ချက်ကို တအံ့တသြဖြစ်ကုန်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *