News

ချစ်သူအဖြစ် အရွေးချယ်သင့်ဆုံး မိန်းကလေး အမ်မာစတုန်းကို မဲအများဆုံးပေး

Down to earth မင်းသမီးအမ်မာစတုန်းက ၂၀၁၃ခုနှစ်ရဲ့ချစ်သူအဖြစ် အရွေးချယ်သင့်ဆုံး မိန်းကလေးအဖြစ် အမျိုးသား၂၀၀၀၀ ကျော်က ဆန္ဒမဲပေးခဲ့ကြောင်း သိရပါတယ်။ချစ်သူဘဝမှာ တစ်ဦး အပေါ်တစ်ဦး သစ္စာရှိမှုက ၃၆ရာခိုင်နှုန်း၊ ဂရုစိုက်မှုက ၂၆ရာခိုင်နှုန်း၊ ဟာသဉာဏ်ရွှင်မှုက ရာခိုင်နှုန်း၂၀နဲ့ အိမ်ထောင်သည် ဘဝနိုင်နင်းမှုက ၃၈ရာခိုင်နှုန်း လိုအပ်တယ်လို့ အမျိုးသား
အများစုက ပြောကြားသည်ဟု ဆိုပါတယ်။

ဒါတင်မကသေးဘဲ စိတ်လှုပ်ရှားမှု ပေးနိုင်စွမ်းကလည်း ၃၁ရာခိုင်နှုန်း လိုအပ်သေးကြောင်း ပြောခဲ့ပါတယ်တဲ့။ မင်းသမီး အမ်မာစတုန်းဟာလက်ရှိ Spider Man မင်းသားလေး အန်ဒရူးဂါဖီးလ်နဲ့ ချစ်သူတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အခုဆိုရင် Facebook တွေ၊Twitterတွေ သုံးလာကြပြီ ဖြစ်တဲ့အတွက် အဲဒီလိုလေ့လာ စစ်တမ်းကောက်မှုတွေ လုပ်မယ်ဆိုရင် စိတ်ဝင်စားသူ အများအပြားက မဲပေး ရွေးချယ်မှုတွေ လုပ်ကြလိမ့်မယ် လို့ထင်ပါတယ်။ဒါပေမယ့် အပေါ်က ရာခိုင်နှုန်းတွေ ပြည့်မီတဲ့ သူမျိုးမရှိဘူး ဆိုရင်တော့ မတတ်နိုင်ဘူး ပေါ့နော်။သူတို့သတ်မှတ်တာက အားလုံးပေါင်းရင် ၁၅၁ ရာခိုင်နှုန်းတောင် ရှိပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *