News

အစိုးရနှင့် လွှတ်တော်ကြား သဘောထား မတူခြင်းသည် သဘာဝ ဖြစ်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌပြော

thura shwe man

အစိုးရနှင့် လွှတ်တော်အကြား သဘောထား မတူညီခြင်းမှာ သဘာဝပင် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေှမန်းက ဇူလိုင်လ ၂ရက်နေ့တွင် သတင်းထောက်များအား ပြောကြားသည်ဟု သိရသည်။ “ဒီခေတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အာဏာကြီးသုံးရပ် ရှိပါတယ်။ အာဏာကြီး သုံးရပ်က ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ ဒီအာဏာ သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားပြီး ခွဲခြားအုပ်ချုပ်ရမယ်။ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမယ်။ ဒါကြောင့်မို့ ဥပဒေပြု အဖွဲ့အစည်းသည် ဥပဒေပြုတဲ့ လုပ်ငန်းကို လုပ်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်တဲ့ လုပ်ငန်းကို လုပ်တယ်။ တကယ်လို့သာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးသည် တစ်ထပ်တည်း ရှိတယ်ဆိုရင် အာဏာသုံးရပ်ပိုင်းခြားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ ဒီနေ့လုပ်နေတာက အစိုးရနဲ့ လွှတ်တော် ပဋိပက္ခ အသွင်ဆောင်နေတာ မဟုတ်ဘူး။ သဘောထားချင်းတော့ တူချင်မှ တူမယ်။ ဒါသဘာဝပဲ။ လူနှစ်ယောက်ရှိရင် တစ်ယောက်ရဲ့ သဘောထားနဲ့ တစ်ယောက်ရဲ့ သဘောထား တစ်ထပ်တည်း မတူနိုင်ဘူး။ ဒါပေမယ့်လို့ ညှိရတဲ့ သဘောရှိပါတယ်။ ညှိရတဲ့အခါမှာ လွှတ်တော်က ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို အဓိကထားကြည့်တယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ အစိုးရကလည်း တကယ်တမ်းကျတော့ ပြည်သူ့ရဲ့ ဆန္ဒအတိုင်း ပြည်သူ့ရဲ့ သဘောထားအတိုင်း လိုက်ပါဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီကြားထဲမှာ သဘောထားမတူတာ၊ တစ်ထပ်တည်း မကျနိုင်တာ ရှိနိုင်ပါတယ်။ သဘာဝပါပဲ”ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေှမန်းက ဆက်လက် ပြောကြားရာ၌ “တချို့က သမ္မတနဲ့ လွှတ်တော်အကြား ရန်ဖြစ်နေသလားဆိုတဲ့ မေးခွန်းမျိုးတွေ အမေးခံရခြင်းဟာ ကာ/လုံကို မှန်မှန်မလုပ်နိုင်တဲ့အပေါ် မူတည်ပြီး ပြောကြလား ဆိုပြီးတော့ စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကာ/လုံကို အချိန်မှန်မှန် လုပ်ပါမယ်။ အဲဒီအတိုင်းပဲ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌအကြားလည်း ရန်ဖြစ်ခြင်း မရှိပါဘူး”ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အချက်အလက်များသည် ခေတ်စနစ်နှင့် မလျော်ညီတော့သဖြင့် လွှတ်တော်တွင်း ဆွေးနွေးမှုများ ခေတ္တရပ်ဆိုင်း နေရခြင်း ဖြစ်ကြောင်းလည်း ပြောကြားသည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *