How-to

အကောင်းဆုံး Online Backup Services (၅) ခု

ကွန်ပြူတာ စက်ပစ္စည်းတွေဟာ အချိန်မရွေး ပျက်ဆီးနိုင်တဲ့အတွက် သင့်ရဲ့အဖိုးတန် ဖိုင်တွေကို Backupလုပ်ထားသင့်ပါတယ်။External Storage Deviceတွေမှာ Backupလုပ်နိုင်သလို Online Backup Servicesတွေမှာလည်း Backupလုပ်နိုင်ပါတယ်။ အခုဆောင်းပါးမှာ အကောင်းဆုံး Online Backup Services(၅)ခုကိုဖော်ပြ ပေးလိုက်ပါတယ်။

Carbonite

Carbonite Client Applicationက သင့်ကွန်ပြူတာရဲ့ Backgroundမှာ Runနေမှာဖြစ်ပြီး သင့်ရဲ့documents, music, email, and other files တွေကို Automatically Backupလုပ်ပေးနေမှာ ဖြစ်ပါတယ်။ Videoဖိုင်တွေကိုတော့ Manually Backupလုပ်ရမှာပါ။ Carboniteကို Windows and OS Xမှာသုံးနိုင်ပြီး Home Plus and Home Premier plansအသုံးပြုသူတွေ အတွက်တော့ Windowsကိုပဲ Support ပေးပါတယ်။ ဖိုင်တွေကို Encrypt လုပ်ပေးမှာဖြစ်ပြီး Unlimited Storage ရရှိမှာပါ။ Home Plus plan အသုံးပြု သူတွေကတော့ ကွန်ပျူတာက ဖိုင်တွေအပြင် External Hard Drive ကဖိုင်တွေကိုပါ Backup လုပ်နိုင်ပါတယ်။ ဒါ့အပြင် Full System Image ကိုပါ Backup လုပ်ပေးနိုင်ပါတယ်။ Home Premier plan မှာအပေါ်က Featuresအပြင် Video ဖိုင်တွေကိုပါ Automatically Backupလုပ်ပေး နိုင်ပါတယ်။Carboniteကိုစမ်းသပ် အသုံးပြုချင်ရင် ၁၅ ရက် စမ်းသပ် သုံးနိုင်ပါတယ်။ Carboniteရဲ့ Plans & Pricingအသေးစိတ်ကို ဒီမှာဆက်ဖတ်ပါ။

Backblaze

Backblazeကတော့ နည်းပညာကို သိပ်နားမလည်သူတွေအတွက် သင့်တော်ပြီးအလွယ်တကူ Setupလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Blackblazeက documents, music, video, external drivesစတာတွေကို Backupလုပ်ပေးနိုင်ပေမယ့်  ဖိုင်အမျိုးအစားအားလုံးကို Backup လုပ်မပေးနိုင်ပါဘူး။ Backblazeက Backupမလုပ်ပေးနိုင်တဲ့ ဖိုင်အမျိုးအစားတွေကို ဒီPageမှာကြည့်ပါ။ Unlimited Storageရရှိမှာ ဖြစ်ပေမယ့် 4 gbထက်ကြီးတဲ့ ဖိုင်တွေကိုတော့ Backupလုပ်မပေးနိုင်ပါ။ Client Applicationက Backgroundမှာ Runပြီးအလိုလို Backupလုပ်ပေးနေမှာ ဖြစ်ပြီး Encryptလုပ်ပြီး Backupလုပ်ပေးမှာပါ။ Windows and OS Xမှာသုံးနိုင်ပြီး Incremental Backupလည်း လုပ်ပေးနိုင်ပါတယ်။Backblazeရဲ့ Pricingတွေကို ဒီPageမှာဖတ်ပါ။

CrashPlan

CrashPlanက သင့်ကွန်ပြူတာက ဖိုင်တွေကို Backupလုပ်ပေးနိုင်တဲ့အပြင် Networkတစ်ခုထဲက ကွန်ပြူတာတွေ၊ အင်တာနက်က တစ်ဆင့် တစ်ခြားကွန်ပြူတာက ဖိုင်တွေကိုပါ Backupလုပ်ပေးနိုင်ပါတယ်။ Backgroundမှာ Runပြီး Backupလုပ်ပေးနေမှာဖြစ်ပြီး Encryptလုပ်ပြီး သိမ်းပေးမှာပါ။ Differentials and Incrementals Backupလုပ်ပေးနိုင်ပါတယ်။ Backupလုပ်ထားတဲ့ ဖိုင်တွေကို Mobile Deviceတွေ ကနေလည်း ရယူအသုံးပြုနိုင်ပါတယ်။CrashPlanရဲ့ Featuresတွေကို ဒီPageမှာဆက်ဖတ်ပါ။ CrashPlanရဲ့ Plansကို ဒီPageမှာ အသေးစိတ် ဖတ်ရှုပါ။

SpiderOak

Privacyနဲ့ပတ်သက်ပြီး စိတ်ချချင်ရင်တော့ SpiderOakကိုသုံးပါ။ သူ့ရဲ့ “Zero Knowledge” Policyက သူ့Serverမှာ သင်ဘာဖိုင်တွေ သိမ်းထားလဲဆိုတာ သူတို့ကိုယ်တိုင်တောင် မသိရအောင် လုံခြုံစေပါတယ်။ သင့်ကွန်ပြူတာက desktop, documents, email, music, or movies တွေအပြင် external drives, network drivesတွေကဖိုင်တွေ အားလုံးကို သိမ်းပေးနိုင်ပါတယ်။ Windows, OS X, and Linuxမှာ သုံးနိုင်ပြီး IOS, Android Devicesတွေအတွက် Applicationတွေလည်း ရှိပါတယ်။ Incrementals Backupလည်း လုပ်ပေးနိုင်ပါတယ်။SpiderOak ရဲ့Plans အသေးစိတ်ကို ဒီPageမှာဖတ်ပါ။

Bitcasa Infinite Drive

Bitcasa Client Applicationကို Windows and OS Xမှာသုံးနိုင်ပြီး ဖိုင်တွေကို Backup And Syncလုပ်ပေးနိုင်ပါတယ်။ ဖိုင်တွေကို Encrypt လုပ်ပြီးသိမ်းပေးနိုင်ပြီး File History Featuresပါရှိတဲ့အတွက် ဖိုင်တစ်ခုရဲ့Older Version , Newer versionတွေကိုပါ သိမ်းပေးနိုင်ပါတယ်။Android ,IOS,Windows Phoneတွေအတွက် Applicationတွေ ရှိပါတယ်။ Bitcasaက Freeအသုံးပြုရင် 10 GB Storageရရှိမှာဖြစ်ပြီး Unlimited Storageရဖို့အတွက် တစ်လ 10 Dollar ဒါမှမဟုတ် တစ်နှစ် 99 Dollar၀ယ်ယူ အသုံးပြုရမှာပါ။ Pricingကို ဒီPageမှာ လေ့လာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *