News

မြန်မာနိုင်ငံတွင် လေစွမ်းအား လျှပ်စစ်ထုတ်ယူနိုင်ရန် ထိုင်းနှင့်တရုတ် ကုမ္ပဏီတို့ ဖြစ်နိုင်ခြေလေ့လာ

မြန်မာနိုင်ငံတွင် လေစွမ်းအားလျှပ်စစ် ထုတ်ယူနိုင်ရန် ထိုင်းနှင့်တရုတ် ကုမ္ပဏီတို့ ဖြစ်နိုင်ခြေလေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ထိုင်းနိုင်ငံ၏ Gunkul Engineering Public Co.,Ltdနှင့် တရုတ်နိုင်ငံ၏ Three Gorges ကုမ္ပဏီတို့က မြန်မာနိုင်ငံနေရာအနှံ့တွင် လေစွမ်းအားလျှပ်စစ် ထုတ်ယူနိုင်ရေးအတွက် ဖြစ်နိုင်ခြေ လေ့လာမှုများကို ပြုလုပ်ရန် သဘောတူထားကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်မျိုး၀င်းက The new Light of Myanmar သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ Gunkul Engineering ကုမ္ပဏီသည် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အား၂၉၃၀ မဂ္ဂါတ် ထုတ်လုပ်နိုင်မည့် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောင်ရန် ဖြစ်နိုင်ခြေ လေ့လာမှုများကို ပြုလုပ်သွားမည်ဟု သိရသည်။ တရုတ်နိုင်ငံ၏ Three Gorges ကုမ္ပဏီကလည်း ချင်းနှင့်ရခိုင်ပြည်နယ်၊ ရန်ကုန်နှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် လျှပ်စစ်ဓာတ်အား ၁၁၀၂ မဂ္ဂါ၀ပ်ထုတ်လုပ်နိုင်မည့် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောင်ရန်ဖြစ်နိုင်ခြေ လေ့လာမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

“လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို စီးပွားဖြစ်ရောင်းချနိုင်ဖို့အတွက် ဖြစ်နိုင်ခြေ လေ့လာမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ ဒီလေစွမ်းအင်ကနေရမယ့် လျှပ်စစ်ဓာတ်အားက စီးပွားရေးအရ ဖြစ်နိုင်ခြေရှိတယ်ဆိုရင် နိုင်ငံစီးပွားရေးကိုလည်း ရှေ့ကို တိုးတက်စေမှာပါ”ဟု ဦးအောင်မျိုး၀င်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင် ပြောင်းလဲချိန်မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် အကြီးဆုံး အဟန့်အတားမှာ လျှပ်စစ်စွမ်းအား ပုံမှန်မရရှိမှု ပြဿနာဖြစ်နေကြောင်း နိုင်ငံတကာ လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သုံးသပ်လျက်ရှိကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “မြန်မာနိုင်ငံတွင် လေစွမ်းအား လျှပ်စစ်ထုတ်ယူနိုင်ရန် ထိုင်းနှင့်တရုတ် ကုမ္ပဏီတို့ ဖြစ်နိုင်ခြေလေ့လာ

  1. Kolwan Swe says:

    လေနဲ့လုပ်မှာလား

  2. လွတ်တော်မှာဆောက် အဲမှာ လေအားကောင်းတယ်

  3. ဖေ့ဘွတ်ထဲမှာလည်း ဆောက်လို့ ရတယ် . . .

Leave a Reply

Your email address will not be published. Required fields are marked *