ထိုင်းနိုင်ငံ အခြေစိုက် လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်သော Nok Airသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံအကြား လေကြောင်းလိုင်း နှစ်လိုင်း တိုးချဲ့ ပြေးဆွဲသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ မကြာမီ ကာလအတွင်း ဖြစ်ပေါ်လာမည့် မဲဆောက် အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံကို တိုက်ရိုက် ချိတ်ဆက် သွားရန် နှင့် Asian Economic Community (AEC) စနစ် အကောင်အထည်ပေါ်လာရေး တို့အတွက်ရည်ရွယ်ပြီး ဆာင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ မဲဆောက်နှင့် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့တို့အကြား လေကြောင်း ပြေးဆွဲခြင်းအား ဦးစွာ အကောင် အထည်ဖော် ဆောာင်ရွက်သွားမည်ဖြစ်ကြောင်းကို Nok Airမှ ဒါရိုက်တာ Mr.Somchainuek EngtrakuL နှင့် အုပ်ချုပ်ရေးမှူး Mr.Patee Sarasin တို့က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ပါသည်။ ထို့အပြင် စရိတ်နည်း လေကြောင်း လိုင်းတစ်ခုအဖြစ် မဲဆောက် နှင့် ရန်ကုန်ကိုလည်း လေကြောင်းလိုင်းတစ်လိုင်း ပျံသန်းသွားမည်ဖြစ်ကြောင်း ပြောပါသည်။ မကြာသေးခင်ကမှ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ထားရှိခဲ့သော မဲဆောက်နယ်စပ်စခန်းအား နယ်စပ်ဖြတ်ကျော်သွားလာကုန်သွယ်ခွင့် သဘောတူညီမှု၏ နောက်ဆက်တွဲ ရလဒ်တစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ၂၀၁၅ခုနှစ် အတွက် မျှော်မှန်းထားသည့် AECစနစ် ပေါ်ပေါက်လာရေးအတွက်လည်း ရည်ရွယ်ကြောင်း သိရပါသည်။
ထိုင်းလေကြောင်းလိုင်း Nok Air က မြန်မာ နှင့် လေကြောင်းများ ပျံသန်းမည်

08
Apr