News

AP သတင်းဌာန မြန််မာပြည်ရုံးခွဲ ပထမဆုံး ဖွင့်လှစ််

AP-News-Agency

မြန်မာနိုင်ငံ အစိုးရသစ် လက်ထက် မီဒီယာများအပေါ် ကန့်သတ်မှုများ ဆက်တိုက် ဖြေလျှော့လာရာတွင် နိုင်ငံတကာ သတင်းဌာနများကိုလည်း ရုံးခွဲများ စတင် ဖွင့်လှစ်ပေးခဲ့ရာ AP နိုင်ငံတကာ သတင်းဌာန၏ ပထမဆုံး မြန်မာနိုင်ငံတွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ AP၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် ဒေါ်အေးအေးဝင်းက The Voiceသို့ ပြောကြားသည်ဟု သိရသည်။ အခြားနိုင်ငံတကာ သတင်းဌာနအချို့အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခန်းများ ဖွင့်လှစ်ထားသော်လည်း သက်ဆိုင်ရာ သတင်းဌာန၏ နိုင်ငံခြား သတင်းစာဆရာများနှင့် မြန်မာနိုင်ငံသား သတင်းစာဆရာများ တရားဝင် လုပ်ကိုင်နိုင်မည့် အစိုးရ အသိအမှတ်ပြု နိုင်ငံတကာ သတင်းဌာနအဖြစ် APက ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရားဝင် သတင်းဌာန ဖွင့်လှစ်နိုင်ခြင်းကြောင့် ပြည်ပ သတင်းထောက်များအနေဖြင့် မြန်မာ့အရေးကို တစိုက်မတ်မတ် လေ့လာနိုင်ပြီး သတင်းများကို ယခင်ကထက် ပိုမို ပြည့်စုံစွာ ဖော်ပြရေးသားနိုင်မည် ဖြစ်ကြောင်း ဒေါ်အေးအေးဝင်းက ဆက်လက်ပြောကြားပါသည်။

ကမ္ဘာကျော် အမေရိကန် သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် AP၏ မြန်မာနိုင်ငံရုံးခွဲတွင် မြန်မာနိုင်ငံသား ၄ဦးနှင့် ပြည်ပနိုင်ငံသား ၂ဦးတို့ တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို ပိုမို ကျယ်ပြန့်စွာ မှတ်တမ်း တင်နိုင်မည်ဖြစ်ကြောင်း AP၏ အမှုဆောင် အယ်ဒီတာ တစ်ဦးဖြစ်သူ Ms.Kathleen Carnolက ပြောကြားခဲ့ပါသည်။ နယူးယောက်အခြေစိုက် နိုင်ငံတကာ သတင်းအေဂျင်စီ APသည် ၁၈၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် သတင်းသမား ၂၀၀၀ကျော် ရှိ၍ သတင်းနှင့် ဓာတ်ပုံများအတွက် ပူလစ်ဇာဆုပေါင်း ၅၀ရရှိထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တရားဝင်နိုင်ငံတကာ သတင်းဌာနအဖြစ် APနှင့်အတူ ဂျပန်နိုင်ငံတကာ သတင်းဌာန NHKကလည်း ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *