Apps

မင်းမကြိုက်တဲ့ ဟစ်ဟော့၊ ငါကြိုက်တယ်

မြန်မာဟစ်ဟော့ သံစဉ်အနုပညာဆိုင်ရာ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer, သားကြီး၊ ကျော်ထွဋ်ဆွေ၊ ရသ၊ သီရီဆွေ၊ စန္ဒီမြင့်လွင်၊ ဘန်နီဖြိုး၊ ကိကိ၊ ေ၀လျံ၊ ယုန်လေး၊ ရဲလေး၊ MC Trick, NyiNyi, မိုနို စတဲ့ မြန်မာဟစ်ဟော့ အဆိုရှင်တွေရဲ့ သီချင်းခေါင်းစဉ်၊ သီချင်းစာသားတွေ သိရှိရမှာ ဖြစ်တဲ့အပြင် ကြိုက်နှစ်သက်ပါက ဒေါင်းလုပ်ပါ ဆွဲယူနိုင်မှာ ဖြစ်ပါတယ်။

ဒီ၀က်ဘ်ဆိုက်မှာ နောက်ဆုံး တင်လိုက်တဲ့ သီချင်းတွေကို ရယူချင်တဲ့သူတွေ အနေနဲ့ကတော့ မိမိရဲ့ အီးမေးလ်လိပ်စာကို Subscribe လုပ်ပေးခဲ့ရမှာ ဖြစ်ပါတယ်။ Subscribe လုပ်သူတွေအနေနဲ့ ယင်း၀က်ဘ်ဆိုက်မှ အလိုအလျောက် ပေးပို့လိုက်တဲ့ မေးလ်ကိုဖွင့်ကာ Activation လုပ်ပေးရန် လိုအပ်ပြီး မိမိအီးမေးလ်ကနေ တစ်ဆင့် သီချင်းတွေကို တိုက်ရိုက် ဒေါင်းလုပ် ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့့ ယင်း၀က်ဘ်ဆိုက်က ဆိုပါတယ်။

နောက်ဆုံးထွက် အယ်လ်ဘမ်၊ တိပ်ခွေ၊ ဟစ်ဟော့ဗီစီဒီ၊ ဒီဂျေ၊ သီချင်းတွေလည်း တင်ပေးထားပြီး အဆိုတော် အင်တာဗျူးတွေနဲ့ ရှိုးပွဲသတင်းတွေကိုပါ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
http://www.myanmarhiphopchannel.com

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “မင်းမကြိုက်တဲ့ ဟစ်ဟော့၊ ငါကြိုက်တယ်

  1. may thu kyaw says:

    ကောင်းတာပေါ့ တို့ကလွမ်းပိုင်ကိုကြိုက်တော့ သူသီချင်းတွေကို download ဆွဲမယ်

  2. justin says:

    ဘယ်လိုလုပ်ရတာတုန်း

  3. justin says:

    ပြောပြပါလားအရမ်းစိတ်ဝင်စားလို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *