News

မြန်မာနိုင်ငံအတွက် Telenor အမှုဆောင် အရာရှိချုပ် ခန့်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်ရရှိခဲ့သော နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီက မြန်မာနိုင်ငံအတွက် အမှုဆောင် အရာရှိချုပ် တစ်ဦး ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ Telenor Myanmar၏ အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံရသည့် Mr. Petter Furbergသည် Telenor၏ ရှယ်ယာ အများဆုံး ပါဝင်သော ထိုင်းနိုင်ငံရှိ ဒုတိယအကြီးဆုံး မိုဘိုင်းလ် အော်ပရေတာဖြစ်သည့် Dtacတွင် ဘဏ္႑ာရေး အရာရှိချုပ်အဖြစ် တာဝန်ယူနေသူဖြစ်သည်ဟု ဆိုသည်။

၎င်း၏ ရာထူးမှာ သက်ဆိုင်ရာ မြန်မာအာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက် ရရှိသည့် အချိန်မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်ငန်းသစ်ကို အောင်မြင်စွာ စတင်နိုင်ရန် ခေါင်းဆောင်ကောင်းများကို Telenor၏ အတွေ့အကြုံအရှိဆုံးနှင့် အရည်အချင်း ပြည့်ဝသော အမှုဆောင် အဖွဲ့ဝင်များထဲမှ ရွေးချယ်ထားကြောင်း Telenor၏ အာရှဒေသဆိုင်ရာ အကြီးအကဲ Mr.Sigve Brekkeက ပြောကြားခဲ့သည်ဟု သိရသည်။

Telenor Myanmar၏ CEOဖြစ်လာမည့် Mr. Petter Furbergက မြန်မာပြည်သူတစ်ရပ်လုံး အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်နှင့် သက်ဆိုင်ရာ ဝန်ဆောင်မှုများ အမြန်ဆုံး စတင်နိုင်ရန် တာဝန်ယူသွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် လာမည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ Park Royal Hotel၌ မီဒီယာများနှင့် တွေ့ဆုံနှုတ်ဆက် သွားမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *