News

မြန့်မာ့အိုင်တီလောကသို့ ဗီယက်နမ် FPT ကော်ပိုရေးရှင်းဝင်ရောက်

ဗီယက်နမ်နိုင်ငံ အခြေစိုက် ဆော့ဖ်ဝဲလ်နှင့် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော FPT ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်လာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် FPT Myanmar Co., Ltd.ကို တည်ထောင်ခဲ့ပြီး ဇူလိုင်လ ၁၀ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ယာယီဖွဲ့စည်းခွင့် မှတ်ပုံတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

FPTသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယခုနှစ်အစောပိုင်းကတည်းက စတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ FPT ပူးတွဲထူထောင်သူ ဖြစ်ပြီး ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Truong Gia Binh တက်ရောက်ခဲ့ကြောင်း သိရသည်။ ဗီယက်နမ် FPTသည် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး လာမည့်၂နှစ်အတွင်း လုပ်ငန်းများစတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ လာမည့် ဒီဇင်ဘာတွင် ရန်ကုန်မြို့၌ ရုံးစတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အိုင်တီကဏ္႑တွင် အဓိက ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *