News

အင်္ဂလိပ်စာဆရာဆရာမများ နှစ်ပတ်လည် နှီးနှော ဖလှယ်ပွဲ တက်ရန် စာရင်းပေးနိုင်

Press Release from British Council

ဗြိတိသျှ ကောင်စီမှ ကြီးမှူးကျင်းပသော အင်္ဂလိပ်စာ ဆရာဆရာမများအတွက် (၁၄)ကြိမ်မြောက် နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲ (Thirteenth ELT Conference for Teachers of English) ကို (၂၀၁၃) ခုနှစ် ဩဂုတ်လ (၂၄)ရက် စနေနေ့နှင့် (၂၅)ရက် တနင်္ဂနွေနေ့တို့တွင် ဆီဒိုနားဟိုတယ်၊ ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာ တက်ရောက်လိုသူ အင်္ဂလိပ်စာဆရာဆရာမများ ဩဂုတ်လ (၁)ရက်၊ (၂) ရက်၊ (၅)ရက် နှင့် (၆) ရက်တို့တွင် ရန်ကုန်မြို့၊ ၇၈ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီရုံးသို့ လာရောက် ငွေသွင်းကာ စာရင်းပေးနိုင်ကြောင်း သိရပါသည်။ ဤပွဲတွင် အလုပ်ရုံ ဆွေးနွေးပွဲပေါင်း (၅၀)ခန် ့ ပါ၀င်မည်ဖြစ်ပြီး ယခင်နှစ်များ ကဲ့သို့ပင် ယခုနှစ်တွင်လည်း မြန်မာပြည်တွင်းနှင့် နိုင်ငံတကာမှ အင်္ဂလိပ်စာ ဆရာဆရာမများ၊ Teacher Traineများနှင့် ဘာသာရပ် ကျွမ်းကျင်သူများ ဦးဆောင်ဆွေးနွေးကြမည် ဖြစ်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများမှ အင်္ဂလိပ်စာဆရာဆရာမများ၊ တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာဆရာဆရာမများ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ သီရိင်္လကာ၊ ဆူဒန်နှင့် ဗီယက်နမ် နိုင်ငံများရှိ ဗြိတိသျှကောင်စီများမှ အင်္ဂလိပ်စာ ဆရာဆရာမများ တက်ရောက်ကြမည် ဖြစ်သည်။

ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး ကယ်ဗင်မက်ကင်ဇီက ပြောကြားသည်မှာ ဤအင်္ဂလိပ်စာ သင်ကြားရေး နှီးနှော ဖလှယ်ပွဲကြီးသည် ဗြိတိသျှကောင်စီ၏ ဂုဏ်ဆောင်ပွဲကြီး ဖြစ်သည့်အလျောက် ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ပညာရေးနယ်ပယ်အသီးသီးမှ တက်ရောက်သူ စုံလင်စွာနှင့် ကျင်းပမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာ ဆရာ/မများအတွက် အထူးအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။ နှီးနှောဖလှယ်ပွဲ၏ ယခုနှစ် အဓိကအကြောင်းအရာ (Theme)မှာ “From Inspiration to Implementation: Emerging Opportunities in the ELT Classroom” ဖြစ်ပြီး ဤပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာ ဆရာဆရာမများ အနေနှင့် နိုင်ငံတကာမှ ဆရာများ၏ အင်္ဂလိပ်ဘာသာ သင်ကြားနည်း စနစ်များ၊ နိုင်ငံတကာ အင်္ဂလိပ်ဘာသာ သင်ကြားရေး နယ်ပယ်တွင် တိုးတက်ပြောင်းလဲမူများကို လက်တွေ့ လေ့လာနိုင်ရန်နှင့် မိမိတို ့ နိုင်ငံအတွင်း ကျင့်သုံးလျက်ရှိသော အင်္ဂလိပ်ဘာသာ သင်ကြားရေး နည်းစနစ်များကို တင်ပြဖလှယ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဤနှီးနှောဖလှယ်ပွဲ၏ အဓိက အကြောင်းအရာကို ဦးဆောင်ဆွေးနွေးမည့် ပညာရှင် (Keynote Speaker) Ms. Liz Hockingမှာ ကမ္ဘာကျော် အင်္ဂလိပ်စာသင်ကြားရေး စာအုပ်စာတမ်းများ ရေးသားသူဖြစ်ပါသည်။ ၎င်းတွဲဖက်ပါဝင်ရေးသားခဲ့သော မူလတန်းအဆင့်သုံး Macmillan Englishသည် ကမ္ဘာနှင့်အဝှမ်း အလွန် ထင်ရှားကျော်ကြားခဲ့ပြီး လက်ရှိတွင်လည်း “English World” အင်္ဂလိပ်စာသင်တန်းသုံး စာအုပ်ကို အခြားသူများနှင့် တွဲဖက်ရေးသားလျက် ရှိကြောင်း သိရပါသည်။ နှီးနှောဖလှယ်ပွဲသို့ နှစ်ရက်တာ တက်ရောက်ရန် ကျပ် ခြောက်သောင်း ကျသင့်မည်ဖြစ်ပြီး တက်ရောက်မည့်သူများအား နှစ်ရက်လုံးတွင် နေ့လယ်စာနှင့် ကော်ဖီ၊ မုန့်များဖြင့် တည်ခင်းကွေျးမွေးမည် ဖြစ်ကာ နှစ်ရက်လုံး မပျက်မကွက် တက်ရောက်သူများအား Certificate of Attendance ပေးသွားမည် ဖြစ်သည်။ စာရင်းပေးရန် Registration form အား www.myanmar-network.netတွင် Download ရယူနိုင်ပြီး ဩဂုတ်လ (၁)ရက်၊ (၂)ရက်၊ (၅) ရက်နှင့် (၆)ရက် နံနက် (၈:၃၀)မှ ညနေ (၅)နာရီအတွင်းတွင် ဗြိတိသျှ ကောင်စီရုံးသို့ အဆိုပါ Registration Form အားဖြည့်ပြီးလာရောက် ငွေသွင်းနိုင်ပါသည်။ နေရာ သုံးရာခန့်သာ ရှိသောကြောင့် နေရာပြည့်သွားပါက စာရင်းသွင်းခြင်းကို ပိတ်သိမ်းမည်ဖြစ်၍ တက်ရောက်လိုသူများ စောလျှင်စွာ လာရောက်ပါမှ စိတ်ချရမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဗြိတိသျှ ကောင်စီမှ English for Education Systems Manager ဒေါက်တာ ခိုင်ဖြူထွဋ်ကလည်း ယခုနှစ်တွင် နိုင်ငံခြားသားများ၏ပါဝင် ဆွေးနွေးမှု ပိုမို များပြားလာကြောင်း၊ မြန်မာဆရာများ၏ ဆွေးနွေးမှုများသည်လည်း
နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိကာ အကြောင်းအရာ စုံလင်ကြောင်း၊ အစိုးရ တက္ကသိုလ်နှင့် ကျောင်းများမှ ဆရာ၊ ဆရာမများ ပိုမိုပါဝင်လာကြောင်း ပြောကြားသည်။ Programme Officer ဒေါ်မြတ်လေးတင့်မှလည်း လူဦးရေ ငါးရာကျော်ရှိသည့် ဤပွဲကြီးကို နှစ်စဉ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ပြောကြားပါသည်။ နှီးနှောဖလှယ်ပွဲနှင့် ပတ်သက်၍ သိလိုသည်များကို ရန်ကုန်မြို့၊ ၇၈ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီရုံးသို့ လာရောက်၍ဖြစ်စေ၊ [email protected] သို့ Email ပေးပို့၍ဖြစ်စေ၊ www.facebook.com/BritishCouncilMyanmarမှတဆင့် message ပေးပို့၍ဖြစ်စေ မေးမြန်း စုံစမ်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “အင်္ဂလိပ်စာဆရာဆရာမများ နှစ်ပတ်လည် နှီးနှော ဖလှယ်ပွဲ တက်ရန် စာရင်းပေးနိုင်

  1. Myo Thiha says:

    ဆရာ၊ဆရာမေတြ ၾကီးပဲဆုိေတာ့ တက္လုိ ့မရေတာ့ဘူး BC

Leave a Reply

Your email address will not be published. Required fields are marked *